Myanmar National Post

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ၏ အကြမ်းဖက်အားပေးလုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်



 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ၏ အကြမ်းဖက်အားပေးလုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်


ရက်စွဲ။   ။ ၁၃၈၈ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၉)ရက်

၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်

စာအမှတ် ။   ။ ၆/မ မ ရ သ/၂၀၂၆

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က မြန်မာ့လူသားချင်းစာနာမှုအကျပ်အတည်း “သည်းမခံနိုင်လောက်အောင် ဆိုးရွားနေပြီ” ဟု ပြောဆိုလိုက်ကြောင်း ပြည်ပသတင်းဌာနများ၏ ဖော်ပြချက်အရ သိရပါသည်။ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ရမယ်လို့  သတိပေးလိုက်ကြောင်း၊ မြန်မာနိုင်ငံမှာ လူပေါင်း ၁၆ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပြင်ပတွေ့ဆုံမှုအတွင်း ဂူတာရက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း၊ ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံက အရပ်သားသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်း ဖြစ်လာနေပြီလို့ပြောဆိုထားသည်ကို တွေ့ရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် ထိုသို့ ပြောဆိုခြင်းသည် ပြည်ဖျက်မီဒီယာများ၏ ဖော်ပြချက်ကိုသာ ကိုးကား၍ တပ်မတော်က အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေမှုများကို ဖိအားပေးပြောဆိုလိုခြင်း ဖြစ်သည်။ ပြည်ဖျက်မီဒီယာများအနေဖြင့် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ရေးသားဖော်ပြရာတွင် အကြမ်းဖက်သမားများ သေဆုံးသည့်အခါ ပြည်သူဟု လုပ်ကြံဖန်တီးရေးသားဖော်ပြခြင်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တစ်ယောက်အနေဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာ ကိုးကားပြောဆိုခြင်းသည် လူကြီးလူကောင်းမဆန်သော ရပ်တည်ချက်မျိုးဖြစ်သည်။

ထို့အပြင် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံက ခန့်အပ်ထားခြင်းမရှိသည့် ဝရမ်းပြေးအဖြစ် ကြေညာထားသော NUG အကြမ်းဖက်အဖွဲ့၏ ဘက်တော်သား ကျော်မိုးထွန်းအား ပြောရေးဆိုခွင့်ပေးနေခြင်းသည် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မှန်ကန်မူမရှိသော အကြမ်းဖက်အားပေးလုပ်ရပ်ကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေသော လုပ်ရပ်ဖြစ်ပါသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ပါးစေ PDF အကြမ်းဖက်သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ကိုလည်း သိရှိနားလည်သင့်သည်။ NUG အကြမ်းဖက်အဖွဲ့၏ ဘက်တော်သား ကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ပြောရေးဆိုခွင့် ပေးခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် ရက်စက်မှုများ ဖြစ်ပေါ်အောင် အားပေးအားမြောက် ပြုလုပ်နေခြင်းကို ရပ်တန်းက ရပ်သင့်ပြီ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် အနေဖြင့် မြန်မာနိုင်ငံအစိုးရက ပြည်သူ့ကိုယ်စားပြု ခန့်အပ်မည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကိုသာ ပြောရေးဆိုခွင့် ပေးရမည်ဖြစ်ပြီး တိုင်းပြည်နှင့် လူမျိုးကို ကိုယ်စားမပြုသည့် NUG အကြမ်းဖက်အဖွဲ့၏ ဘက်တော်သား ကျော်မိုးထွန်း ကို ဆက်လက် ထားရှိခြင်းသည် အကြမ်းဖက်အားပေးလုပ်ရပ်ဖြစ်သောကြောင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)

--------------------

‎Statement Condemning Acts That Encourage Terrorism by UN Secretary-General António Guterres

‎

                    ‎Date: 9th Waxing of Tazaungmon, 1388 ME

                              ‎18November 2026

‎                   No: 6/Ma Ma Ya Tha/2026

‎According to reports from foreign news outlets, UN Secretary-General António Guterres has stated that the humanitarian crisis in Myanmar has become "intolerable." During a meeting held on the sidelines of the ASEAN Summit in Manila on 16 November, Guterres reportedly told reporters that acts of violence and human rights violations must cease. He noted that over 16 million people in Myanmar are in need of humanitarian assistance, while more than 4 million have been forced to flee their homes. Furthermore, he pointed out that aerial bombardment has become a primary cause of civilian deaths in Myanmar.  By making such statements, the UN Secretary-General is attempting to exert pressure on the Tatmadaw’s counter-terrorism operations, relying solely on accounts provided by "anti-state" (destructive) media outlets. It is highly unbecoming for a UN Secretary-General to uncritically cite reports from these destructive media—outlets that routinely misrepresent the deaths of terrorists as the deaths of ordinary civilians.

‎Furthermore, by granting a platform to Kyaw Moe Tun—an associate of the NUG terrorist group who has been declared a fugitive and was never appointed by the State of Myanmar—the United Nations is engaging in a blatant act of supporting terrorism in the context of Myanmar’s affairs.  The UN Secretary-General should also be aware that thousands of innocent civilians—including monks and laypeople—have been brutally murdered by PDF terrorists (proxies of the fugitive CRPH and NUG terrorist groups) and various ethnic armed terrorist organizations.  The United Nations must immediately cease enabling and encouraging acts of terror and brutality within Myanmar by granting a platform to Kyaw Moe Tun—an associate of the NUG terrorist group.

‎The Patriotic Myanmar Monks Union (Yangon) has issued a statement strongly objecting to and condemning the continued recognition of Kyaw Moe Tun—an associate of the NUG terrorist group who represents neither the country nor its people—as Myanmar’s Permanent Representative to the United Nations. We asserts that UN Secretary-General António Guterres should grant speaking privileges only to the representative appointed by the government of Myanmar, and that maintaining Kyaw Moe Tun in his position constitutes an act of abetting terrorism.

‎

‎Union of Patriotic Myanmar Monks (Yangon)


#Myanmar #News


မူရင်းသတင်း — Myanmar National Post