Myanmar Transparency News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲဟောင်း မိုဟာမက် ယူနွတ်စ်၏ နေအိမ်ဟောင်း မီးရှို့ခံရ

၁၉.၁၁.၂၀၂၆
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၊ ပန်ချလိုင်းရှ်ခရိုင်ရှိ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲဟောင်း မိုဟာမက် ယူနွတ်စ်၏ နေအိမ်ဟောင်းကို မည်သူမည်ဝါမသိသေးသူများက နိုဝင်ဘာလ ၁၈ ရက် ညက မီးရှို့ခဲ့ကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အိမ်အောက်ထပ်ရှိ လူမနေတော့သည့် အခန်းတစ်ခန်းတွင် လောင်ကျွမ်းနေသော မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ဤဖြစ်ရပ်၏ နောက်ကွယ်တွင် မည်သူများ ပါဝင်ပတ်သက်နေသည်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

အဆိုပါနေအိမ် အောက်ထပ်ရှိ လူမနေတော့သည့် အခန်းတစ်ခန်း၌ ည ၁၁ နာရီခွဲခန့်အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ပန်ချလိုင်းရှ် ရဲစခန်းမှူး မိုဇမ်မယ်လ် ဟက်က Prothom Alo သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ရဲစခန်းမှူး မိုဇမ်မယ်လ်၏ ပြောကြားချက်အရ နေအိမ်ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့က ပုံမှန်ကင်းလှည့်လည်မှုများ ပြုလုပ်လျက်ရှိရာမှ အောက်ထပ်ရှိ လူမနေတော့သည့် အခန်းတစ်ခန်းတွင် မီးလောင်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ မီးငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်ရပ်တွင် မည်သူများ ပါဝင်ပတ်သက်နေသည်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

မေးမြန်းချက်တစ်ခုအပေါ် ပြန်လည်ဖြေကြားရာတွင် ရဲစခန်းမှူးက အဆိုပါအဆောက်အအုံ၏ အောက်ထပ်တွင် မည်သူမျှ နေထိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဒုတိယထပ်နှင့် တတိယထပ်များကို ပါမောက္ခ ယူနွတ်စ်၏ ညီအစ်ကိုနှစ်ဦး မိသားစုများ ပိုင်ဆိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် နေအိမ်ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့၏ လုံခြုံရေးအစီအမံများကို တိုးမြှင့်ချထားကြောင်း မိုဇမ်မယ်လ်က ပြောကြားသည်။

Ref-Daily Star

မူရင်းသတင်း — Myanmar Transparency News