
မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ၊ ရဟန္တာကွင်း ကျောက်ဖြူကုန်းဘုရားလမ်းရှိ ရော်ဘာမှိုင်းခံရုံမှာ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုမီးလောင်မှုအား သထုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်သတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ သထုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သထုံခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၂) နာရီဝန်းကျင်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
“မီးလာင်မှုဖြစ်ပွားခဲ့တဲ့ ရော်ဘာမှိုင်းခံရုံက ဦးကျော်မြင့်ကြည့် လို့သိရပါတယ်။ ရော်ဘာပြားတွေကို မှိုင်းခံဖို့အတွက် အပူပေးထားရာကနေ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်” ဟု ခရိုင်မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြးသည်။
မီးလောင်မှုကြောင့် (၁၀ x ၁၅ပေ) သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ရော်ဘာမှိုင်းခံရုံတစ်ရုံ မီးလောင်ပျက်စီခဲ့သည့်ပြင် ရော်ဘာပြား ၂၀၀ ခန့်မှာလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထိုမီးလာင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းနှင့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်၊ ကျောက်တန်းစက်မှုဇုန်ရှိ KKK ဝဥ စက်ရုံ၌ ဝဥအခြောက်ခံ ကျောက်မီးသွေးသုံး မီးဖိုမှ အပူရှိန်လွန်ကဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Photo Credit - MFSD