Eleven Media Group

■ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် တတိယနေ့တွင် စိန်နားပန် မီးပုံးပျံ တစ်လုံး ပြုတ်ကျရာ လမ်းပေါ်တွင် မီးလောင်မှု ဖြစ်ပွား

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တတိယညတွင် လွှတ်တင်သော စိန်နားပန် မီးပုံးပျံတစ်လုံး ပြုတ်ကျရာ လမ်းပေါ်တွင် မီးလောင်မှု ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ လွိုင်ခမ်းလမ်းမပေါ်သို့ တန်ဆောင်တိုင်ပြိုင်ပွဲဝင် စိန်နားပန်မီးပုံးပျံ တစ်လုံးပြုတ်ကျမီးလောင်မှုဖြစ်ပွားခဲ့ရာ ၊ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း​ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူများ ရှင်းလင်းခဲ့ခြင်းကြောင့် လူနှင့် လူနေအိမ်ခြေများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

■ ဓါတ်ပုံ - ခရက်တစ်
#elevennews #တောင်ကြီးတန်‌ေဆာင်တိုင် မီးပုံးပျံပွဲတော် #စိန်နားပန် မီးပုံးပျံ တစ်လုံး ပြုတ်ကျ #မီးလောင်

မူရင်းသတင်း — Eleven Media Group