
ထိုက်စံ (NP News) - နိုဝင်ဘာလ ၁၉
(၅၀ဝ) ကေဗီ ဓာတ်အားလိုင်းဖြင့် လျှပ် စစ်ဓာတ်အားကို မကြာမီစမ်းသပ်ပို့လွှတ်မည်ဖြစ် ကြောင်း ယင်းနှင့်ပတ်သက်၍သိရှိသူတစ်ဦးက NP News သို့ ပြောသည်။ မြန်မာနိုင်ငံတွင် မကြာမီ (၅၀ဝ) ကေဗီ ဓာတ်အားလိုင်းစနစ်ကို စတင် အသုံးပြုတော့မည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါ (၅၀ဝ) ကေဗီ ဓာတ်အားလိုင်းစနစ်ကို ခွဲရုံများတွင် စမ်းသပ်အသုံးပြုထားခြင်းများရှိကြောင်း သိရသည်။
" (၂၃၀)တွေကမနိုင်တော့လို့ ကျွန်တော် တို့က (၅၀ဝ) ပေါ်ပစ်တင်မှာ အကုန်လုံး။ (၅၀ဝ)က အခုလောလောဆယ်တော့ ခွဲရုံတွေ ဒီဘက်တော့ နည်းနည်းစမ်းတာပေါ့။ ဘယ်လာရုစ်ကနေပြန်လာ တော့ အဲဒီဟိုဘက်မှာတော့ လျှပ်စစ်ဝန်ကြီးတွေနဲ့ တွေ့တယ်။ ဒီမှာ အဓိကတွေ့တာက ထိုင်းမှာတွေ့ခဲ့ တာလေ။ အဲဒါမှာလည်း ပြောထားတယ်။ သတင်း မှာပါထားတယ်”ဟု ၎င်းကပြောသည်။
ယင်း(၅၀ဝ) ကေဗီ ဓာတ်အားလိုင်းစနစ်ကို အသုံးပြုနိုင်ပါက လျှပ်စစ်ဓာတ်အားများ ပိုမိုရရှိလာ မည်ဖြစ်ပြီး လှိုင်သာယာမြို့အပါအဝင် အခြားသော နေရာများသို့စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒီထက်တော့ ပိုပြီးတော့ မီးအား ပိုရလာ တာပေါ့။ ရွှေလီတို့ဘာတို့ကထွက်တဲ့ ဟာတွေကတော့ အခုလောလောဆယ်က ကျွန်တော်တို့က (၂၃၀)လိုင်းက ကြံ့ခိုင်မှုအားနည်းလာတာပေါ့နော်။ အရမ်း အသုံးတွေကများလာတဲ့ အခါကျတော့။ အဲဒီတော့ (၅၀ဝ)ကိုထပ်ဆောင်းပြီးလုပ်တဲ့သဘောပေါ့။ (၅၀ဝ)ပေါ်တော့ ရောက်လာပါပြီ။ Control ပိုင်းတွေ အ ကုန်လုံး ဒီမှာဆိုရင် လှိုင်သာယာ၊ ဝါးတစ်ရာ အထိ ရောက်နေပြီပေါ့။ (၃၉)မိုင် ၊ ဝါးတစ်ရာ။ ဟိုဘက်မှာဆို ဘုရားကြီး။ ဟိုဘက်ဆိုလည်း တောင်ငူအများကြီးပါ ပဲ။ (၅၀ဝ)လျှပ်စစ်ခွဲရုံတွေ၊ ခွဲရုံတွေ လုပ်ထားပြီးတော့ အဲဒီကို အရင်တင်မှာပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါ (၅၀ဝ) ကေဗီ ဓာတ်အားလိုင်း ပေါ်မှ လျှပ်စစ်ဓာတ်အားကို မကြာမီစမ်းသပ်ပို့လွှတ် မည်ဖြစ်ကြောင်းလည်း သိရသည်။ “ဟိုရက်ကတောင် စမ်းမယ်လို့ပြောနေတာ ။ ဝန်ကြီးခရီးစဉ်မှာတော့ မြန် မြန်လုပ်တော့မယ်လို့ ကြားပါတယ်"ဟု ပြောသည်။
ယင်း(၅၀ဝ)ကေဗီ ဓာတ်အားလိုင်းစနစ်ကို အသုံးပြု ရန်လိုအပ်သည့်အဆောက်အအုံများ တည်ဆောက် ထားပြီးဖြစ်ကြောင်း သိရသည်။
"အခြေခံအဆောက်အဦတွေကတော့ အကုန်လုံးကတော့ ပြီးသွားပြီ။ သူတို့ စမ်းမလို့တောင် လုပ်နေပြီဆိုတော့ အကုန်လုံးပြီးလို့ စမ်းလို့ရတာပေါ့"ဟု ပြောသည်။ ထို့ပြင် အဆိုပါ (၅၀ဝ) ကေဗွီ ဓာတ် အားလိုင်းပေါ်မှ လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးမည်မဟုတ်သော်လည်း လိုအပ်သည့်နေရာများတွင် ဖြည့်စွက်အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
"(၅၀ဝ) ကေဗီအေ တစ်နိုင်ငံလုံးရယ်လို့ တော့ မဟုတ်ဘူး။ (၂၃၀)လိုင်းဟောင်းမှာ သုံးရင်သုံး မယ်။ ဒီဘက်မှာလည်း (၅၀ဝ)မှာ သုံးရင်သုံးမယ်ပေါ့။ လိုအပ်တဲ့နေရာမှာ လိုအပ်သလိုပဲ သူတို့ဖြည့်စွက် ပြီးတော့ လုပ်ကြမှာပေါ့နော်”ဟု ၎င်းကပြောသည်။ ထိုသို့ (၅၀ဝ) ကေဗီ ဓာတ်အားလိုင်းစနစ်ကို စတင် အသုံးပြုတော့မည်ဖြစ်သဖြင့် ဓာတ်အားပို့လွှတ်ရေး၊ စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဘယ်လာရုစ်နိုင်ငံမှ ကျွမ်းကျင်အင်ဂျင်နီယာများ စေ လွှတ်ကာ လုပ်ငန်းခွင်လက်တွေ့သင်တန်းများ ပို့ချ စေလိုကြောင်း၊ မဟာဓာတ်အားလိုင်းများ၊switch- yard များနှင့် Transformer များတွင် နည်းပညာပိုင်း ဆိုင်ရာ ဓာတ်အားလေလွင့်ဆုံးရှုံးမှုများလျှော့ချနိုင် ရေး ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့သည့် (အောက်တိုဘာ ၂၈ ရက်)က ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး နှင့် တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့ကြောင်း သိရ သည်။

zawgyi version
(၅၀ဝ) ေကဗီ ဓာတ္အားလိုင္းျဖင့္ လွ်ပ္စစ္ဓာတ္အားကို မၾကာမီ စမ္းသပ္ပို႔လႊတ္မည္
ထိုက္စံ (NP News) - ႏိုဝင္ဘာလ ၁၉
(၅၀ဝ) ေကဗီ ဓာတ္အားလိုင္းျဖင့္ လွ်ပ္ စစ္ဓာတ္အားကို မၾကာမီစမ္းသပ္ပို႔လႊတ္မည္ျဖစ္ ေၾကာင္း ယင္းႏွင့္ပတ္သက္၍သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။ ျမန္မာႏိုင္ငံတြင္ မၾကာမီ (၅၀ဝ) ေကဗီ ဓာတ္အားလိုင္းစနစ္ကို စတင္ အသုံးျပဳေတာ့မည္ျဖစ္ၿပီး လက္ရွိတြင္ အဆိုပါ (၅၀ဝ) ေကဗီ ဓာတ္အားလိုင္းစနစ္ကို ခြဲ႐ုံမ်ားတြင္ စမ္းသပ္အသုံးျပဳထားျခင္းမ်ားရွိေၾကာင္း သိရသည္။
" (၂၃၀)ေတြကမႏိုင္ေတာ့လို႔ ကြၽန္ေတာ္ တို႔က (၅၀ဝ) ေပၚပစ္တင္မွာ အကုန္လုံး။ (၅၀ဝ)က အခုေလာေလာဆယ္ေတာ့ ခြဲ႐ုံေတြ ဒီဘက္ေတာ့ နည္းနည္းစမ္းတာေပါ့။ ဘယ္လာ႐ုစ္ကေနျပန္လာ ေတာ့ အဲဒီဟိုဘက္မွာေတာ့ လွ်ပ္စစ္ဝန္ႀကီးေတြနဲ႔ ေတြ႕တယ္။ ဒီမွာ အဓိကေတြ႕တာက ထိုင္းမွာေတြ႕ခဲ့ တာေလ။ အဲဒါမွာလည္း ေျပာထားတယ္။ သတင္း မွာပါထားတယ္”ဟု ၎ကေျပာသည္။
ယင္း(၅၀ဝ) ေကဗီ ဓာတ္အားလိုင္းစနစ္ကို အသုံးျပဳႏိုင္ပါက လွ်ပ္စစ္ဓာတ္အားမ်ား ပိုမိုရရွိလာ မည္ျဖစ္ၿပီး လႈိင္သာယာၿမိဳ႕အပါအဝင္ အျခားေသာ ေနရာမ်ားသို႔စတင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။
“ဒီထက္ေတာ့ ပိုၿပီးေတာ့ မီးအား ပိုရလာ တာေပါ့။ ေ႐ႊလီတို႔ဘာတို႔ကထြက္တဲ့ ဟာေတြကေတာ့ အခုေလာေလာဆယ္က ကြၽန္ေတာ္တို႔က (၂၃၀)လိုင္းက ႀကံ့ခိုင္မႈအားနည္းလာတာေပါ့ေနာ္။ အရမ္း အသုံးေတြကမ်ားလာတဲ့ အခါက်ေတာ့။ အဲဒီေတာ့ (၅၀ဝ)ကိုထပ္ေဆာင္းၿပီးလုပ္တဲ့သေဘာေပါ့။ (၅၀ဝ)ေပၚေတာ့ ေရာက္လာပါၿပီ။ Control ပိုင္းေတြ အ ကုန္လုံး ဒီမွာဆိုရင္ လႈိင္သာယာ၊ ဝါးတစ္ရာ အထိ ေရာက္ေနၿပီေပါ့။ (၃၉)မိုင္ ၊ ဝါးတစ္ရာ။ ဟိုဘက္မွာဆို ဘုရားႀကီး။ ဟိုဘက္ဆိုလည္း ေတာင္ငူအမ်ားႀကီးပါ ပဲ။ (၅၀ဝ)လွ်ပ္စစ္ခြဲ႐ုံေတြ၊ ခြဲ႐ုံေတြ လုပ္ထားၿပီးေတာ့ အဲဒီကို အရင္တင္မွာေပါ့”ဟု ၎ကေျပာသည္။
အဆိုပါ (၅၀ဝ) ေကဗီ ဓာတ္အားလိုင္း ေပၚမွ လွ်ပ္စစ္ဓာတ္အားကို မၾကာမီစမ္းသပ္ပို႔လႊတ္ မည္ျဖစ္ေၾကာင္းလည္း သိရသည္။ “ဟိုရက္ကေတာင္ စမ္းမယ္လို႔ေျပာေနတာ ။ ဝန္ႀကီးခရီးစဥ္မွာေတာ့ ျမန္ ျမန္လုပ္ေတာ့မယ္လို႔ ၾကားပါတယ္"ဟု ေျပာသည္။
ယင္း(၅၀ဝ)ေကဗီ ဓာတ္အားလိုင္းစနစ္ကို အသုံးျပဳ ရန္လိုအပ္သည့္အေဆာက္အအုံမ်ား တည္ေဆာက္ ထားၿပီးျဖစ္ေၾကာင္း သိရသည္။
"အေျခခံအေဆာက္အဦေတြကေတာ့ အကုန္လုံးကေတာ့ ၿပီးသြားၿပီ။ သူတို႔ စမ္းမလို႔ေတာင္ လုပ္ေနၿပီဆိုေတာ့ အကုန္လုံးၿပီးလို႔ စမ္းလို႔ရတာေပါ့"ဟု ေျပာသည္။ ထို႔ျပင္ အဆိုပါ (၅၀ဝ) ေကဗြီ ဓာတ္ အားလိုင္းေပၚမွ လွ်ပ္စစ္ဓာတ္အားကို တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ျဖန႔္ျဖဴးမည္မဟုတ္ေသာ္လည္း လိုအပ္သည့္ေနရာမ်ားတြင္ ျဖည့္စြက္အသုံးျပဳသြား မည္ျဖစ္ေၾကာင္း သိရသည္။
"(၅၀ဝ) ေကဗီေအ တစ္ႏိုင္ငံလုံးရယ္လို႔ ေတာ့ မဟုတ္ဘူး။ (၂၃၀)လိုင္းေဟာင္းမွာ သုံးရင္သုံး မယ္။ ဒီဘက္မွာလည္း (၅၀ဝ)မွာ သုံးရင္သုံးမယ္ေပါ့။ လိုအပ္တဲ့ေနရာမွာ လိုအပ္သလိုပဲ သူတို႔ျဖည့္စြက္ ၿပီးေတာ့ လုပ္ၾကမွာေပါ့ေနာ္”ဟု ၎ကေျပာသည္။ ထိုသို႔ (၅၀ဝ) ေကဗီ ဓာတ္အားလိုင္းစနစ္ကို စတင္ အသုံးျပဳေတာ့မည္ျဖစ္သျဖင့္ ဓာတ္အားပို႔လႊတ္ေရး၊ ေစာင့္ၾကည့္ထိန္းသိမ္းေရးလုပ္ငန္းမ်ားအတြက္ ဘယ္လာ႐ုစ္ႏိုင္ငံမွ ကြၽမ္းက်င္အင္ဂ်င္နီယာမ်ား ေစ လႊတ္ကာ လုပ္ငန္းခြင္လက္ေတြ႕သင္တန္းမ်ား ပို႔ခ် ေစလိုေၾကာင္း၊ မဟာဓာတ္အားလိုင္းမ်ား၊switch- yard မ်ားႏွင့္ Transformer မ်ားတြင္ နည္းပညာပိုင္း ဆိုင္ရာ ဓာတ္အားေလလြင့္ဆုံးရႈံးမႈမ်ားေလွ်ာ့ခ်ႏိုင္ ေရး ပူးေပါင္းေဆာင္႐ြက္လိုေၾကာင္း ျပည္ေထာင္စု ဝန္ႀကီး ဦးကိုကိုလြင္က ၿပီးခဲ့သည့္ (ေအာက္တိုဘာ ၂၈ ရက္)က ဘယ္လာ႐ုစ္သမၼတႏိုင္ငံ စြမ္းအင္ဝန္ႀကီး ႏွင့္ ေတြ႕ဆုံေဆြးေႏြးစဥ္ေျပာၾကားခဲ့ေၾကာင္း သိရ သည္။