
ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တံခါးဖွင့်ဝါဒသည် အာရှ-ပစိဖိတ်ဒေသကို ကမ္ဘာ့စီးပွားရေးတိုးတက်မှု မောင်းနှင်အားတစ်ရပ် ဖြစ်လာစေရန် အထောက်အကူပြုခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအိုထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် ဒေသတစ်ဝန်းရှိ စီးပွားရေးများကို ချိတ်ဆက်ပေးခဲ့ပြီး အချင်းချင်း၏ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတွင် အပြန်အလှန် အကျိုးစီးပွားဆက်နွှယ်မှု ရှိလာစေခဲ့ကြောင်း ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ အနူတင်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ် ၄၀ က တံငါသည်ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည့် ဆန်းကျန့်မြို့သည် ယခုအခါ နိုင်ငံတကာ စီးပွားရေးမြို့တော်ကြီးတစ်ခုအဖြစ် ပြောင်းလဲလာပြီး အဆင့်မြင့်ခေတ်မီနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဗဟိုချက်တစ်ခု ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနူတင်က ဆန်းကျန့်မြို့သည် ပြောင်းလဲနေသည့် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် မည်သို့ပြင်ဆင်ကြမည်နှင့် ပိုမိုသာယာဝပြောသော ဘုံအနာဂတ်ကို အတူတကွ မည်သို့ထူထောင်ကြမည်ကို အာရှ-ပစိဖိတ် စီးပွားရေးအစုအဖွဲ့များ ဆွေးနွေးရန် အသင့်တော်ဆုံးနေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေးအစုအဖွဲ့တစ်ရပ်က ကမ္ဘာကြီးကို တံခါးဖွင့်ပေးလိုက်သည့်အခါ မည်သို့သော ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို ဆန်းကျန့်မြို့က ပြသနေကြောင်း ၎င်းက ဆိုသည်။
အာရှ-ပစိဖိတ်ဒေသကို ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ မောင်းနှင်အားတစ်ရပ် ဖြစ်လာစေရန် အထောက်အကူပြုခဲ့သည့် တံခါးဖွင့်ဝါဒမှ ထိုင်းနိုင်ငံအနေဖြင့် များစွာ အကျိုးကျေးဇူး ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာကြီးသည် အပြောင်းအလဲကြီးများကို ဖြတ်သန်းနေရပြီး ကမ္ဘာကြီးနှင့်အတူ APEC အနေဖြင့်လည်း ပြောင်းလဲတိုးတက်ရမည်ဖြစ်ကြောင်း အနူတင်က ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ် စီးပွားရေးအင်အားစုများအနေဖြင့် တံခါးဖွင့်ဝါဒကို ဆက်လက်ထိန်းသိမ်းထားရင်း ကြံ့ကြံ့ခံနိုင်ရည်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထိုသို့ဆောင်ရွက်ရာတွင် ချိတ်ဆက်မှုများကို ပိုမိုကျယ်ပြန့်စေရန်၊ စွမ်းဆောင်ရည်အသစ်များ ဖော်ဆောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကြိုတင်ခန့်မှန်းနိုင်သည့် အခြေအနေများကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း အနူတင်က ဆိုသည်။
APEC နှင့် အာဆီယံအဖွဲ့တို့သည် စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးအပြင် နည်းပညာဆိုင်ရာ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများနှင့် ဆင်တူသည့် အခြေအနေများကို ရင်ဆိုင်နေရကြောင်း ထောက်ပြ၍ အနူတင်က အဆိုပါစိန်ခေါ်မှုများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍများတွင် အားလုံးအတွက် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနေကြောင်း ပြောကြားခဲ့သည်။
APEC အဖွဲ့ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ချိန်က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများက ဒေသတွင်းကို မည်မျှအထိ ပြောင်းလဲတိုးတက်စေမည်ကို များစွာသောသူများက ကြိုတင်မျှော်မှန်းနိုင်ခဲ့မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စီးပွားရေးအသွင်ကူးပြောင်းမှု နောက်ထပ်တစ်ကျော့ကို ရှေ့ဆက်ရင်ဆိုင်ရမည့်အခြေအနေတွင် အာရှ-ပစိဖိတ် စီးပွားရေးအစုအဖွဲ့များအနေဖြင့် ဒေသတွင်း တံခါးဖွင့်ဝါဒကို ဆက်လက်ထိန်းသိမ်းရန်၊ ယုံကြည်စိတ်ချရသော ချိတ်ဆက်မှုများကို မြှင့်တင်ရန်နှင့် အပြောင်းအလဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ပြီး ပိုမိုအင်အားတောင့်တင်းစွာ ပြန်လည်ရပ်တည်နိုင်ရန်အတွက် စုပေါင်းခံနိုင်ရည်စွမ်းအားကို အားကောင်းအောင် တည်ဆောက်ရန် လိုအပ်ကြောင်း အနူတင်က ပြောကြားခဲ့သည်။ (Xinhua)
------------------------------------------
(English Version)
Thai PM says openness help make Asia-Pacific region engine of global economic growth
SHENZHEN, Nov. 18 (Xinhua) -- Openness has helped make the Asia-Pacific region an engine of global economic growth, Thai Prime Minister Anutin Charnvirakul said Wednesday at the Asia-Pacific Economic Cooperation (APEC) CEO Summit in Shenzhen, south China's Guangdong Province.
Addressing the summit, Anutin said trade and investment have connected the economies across the region and given them a stake in one another's stability and prosperity.
Shenzhen, once a fishing village 40 years ago, has since turned into a global business metropolis and a sophisticated technology and innovation center, he said.
Anutin described Shenzhen as the best-fitting place for Asia-Pacific economies to discuss how to adapt to a changing world and build a more prosperous future together, saying the city shows what transformation can achieve when an economy opens itself to the world.
He said Thailand has benefited greatly from the openness that has helped make the region an engine of global economic growth.
The world is undergoing transformative changes, and APEC must change as the world evolves, said Anutin.
Asia-Pacific economies must build resilience while preserving openness, which means widening connections, developing new capabilities and keeping the conditions for investment predictable, he said.
Noting that APEC and ASEAN face similar challenges in energy and food security, as well as technological disruption, Anutin said these challenges also create shared opportunities in renewable energy and the green transition, as well as in digital technology and AI.
When APEC was established in 1989, few could have anticipated how much trade and investment would transform the region, he said.
With another round of economic transformation ahead, the Asia-Pacific economies need to keep the region open, foster trusted connections and strengthen collective resilience to weather the changes and emerge stronger, Anutin said.
Photo Caption : Thai Prime Minister Anutin Charnvirakul addresses the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 in Shenzhen, south China's Guangdong Province, Nov. 18, 2026. (Xinhua/Zheng Huansong)