
Nvidia ကုမ္ပဏီက ရာထူးမှဖယ်ရှားခံခဲ့ရသည့် ပူးတွဲတည်ထောင်သူ ဂျန်ဆန်ဟွမ်ကို ကုမ္ပဏီသို့ ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း အတည်ပြုပြောကြားထားသည်။
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်သည်ဟု သံသယရှိခံရသူအမျိုးသမီးနှင့် ပတ်သက်မှုအပါအဝင် အိမ်ထောင်ရေးဖောက်ပြန်မှု စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ဂျန်ဆန်ဟွမ် ကုမ္ပဏီမှ နုတ်ထွက်သွားခြင်းဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၇ ရက်အစောပိုင်းတွင် ဟွမ်က Nvidia ကုမ္ပဏီကို ပြန်လည်ဦးဆောင်ခွင့်ရပါက ဂုဏ်ယူဝမ်းမြောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့နောက် ထိုနေ့မှာပင်ပြုလုပ်သည့် ဘဏ္ဍာရေးလေ့လာသုံးသပ်သူများနှင့် ဆွေးနွေးပွဲတွင် Nvidia ဥက္ကဋ္ဌ ဟာဗေးဂျုံးစ်က ဟွမ်ကိုပြန်လည်ခန့်အပ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားလိုက်သည်။
ဟွမ် ရုတ်တရက်နုတ်ထွက်ပြီးနောက် ကုမ္ပဏီ၏ပထမဆုံး ဘဏ္ဍာရေးရလဒ်များကို ထုတ်ပြန်ရာတွင် ယာယီစီအီးအို ကိုလက်ခရက်စ်က ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများ ပုံမှန်အတိုင်း ဆက်လက်ရှိနေကြောင်း ပြောကာ AI အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကဏ္ဍ၌ Nvidia က အောင်မြင်မှုရရှိရုံသာမက ဦးဆောင်သူအဖြစ်ပါ ဆက်လက်ရပ်တည်နိုင်ကြောင်း အလေးပေးပြောဆိုခဲ့သည်။
“လုပ်ငန်းတွေက ပုံမှန်အတိုင်းပဲ။ မိတ်ဖက်တွေ၊ ကုန်ပစ္စည်းပေးသွင်းသူတွေအားလုံးက ကုမ္ပဏီဘက်မှာ အပြည့်အဝ ရပ်တည်ပေးနေကြပါတယ်” ဟုလည်း ၎င်းကဆိုသည်။
Ref: BBC
AP Photo