Xinhua Myanmar

ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ ၃,၈၀၀ အောက်သို့ ကျဆင်း

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရွှေဈေးနှင့် ငွေဈေးသည် နိုဝင်ဘာ ၁၈ ရက်တွင် များစွာ ကျဆင်းခဲ့သည်။

နယူးယောက် ကုန်စည်ဒိုင် (NYMEX) ၏ ဒီဇင်ဘာလအတွက် ရွှေအနာဂတ်ဈေးနှုန်းrSm နိုဝင်ဘာ ၁၈ ရက်တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၃,၈၀၀ အောက်သို့ ကျဆင်းခဲ့ပြီး ကျဆင်းမှုနှုန်းမှာ ၃ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ဒီဇင်ဘာလအတွက် ငွေအနာဂတ်ဈေးနှုန်းမှာလည်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄၅ ဒေါ်လာအောက်သို့ အချိန်အတိုင်းအတာတစ်ခုအတွင်း ကျဆင်းခဲ့ကာ ကျဆင်းမှုနှုန်းမှာ ၅ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

မကြာသေးမီ ကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများသည် ဆက်တိုက် ပြန်လည်ကျဆင်းလျက်ရှိပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ပင် ရောက်ရှိခဲ့သည်။ ယခုနှစ် အစောပိုင်းက စံချိန်တင် မြင့်တက်ခဲ့သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရွှေဈေး၏ ပြန်လည်ကျဆင်းမှု ပမာဏမှာ ၃၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးကျဆင်းမှုသည် အမေရိကန် ငွေကြေးမူဝါဒ လားရာအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ခန့်မှန်းသုံးသပ်မှုနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း သုံးသပ်ချက်များတွင် ဖော်ပြထားသည်။ အမေရိကန် ဗဟိုဘဏ် (Fed) က ငွေကြေးမူဝါဒကို ဆက်လက် တင်းကျပ်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများက ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ထပ်မံမြှင့်တင်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းလာကြရာမှတစ်ဆင့် အမေရိကန်ဒေါ်လာ တန်ဖိုးနှင့် အမေရိကန် အစိုးရငွေတိုက်စာချုပ် အကျိုးအမြတ်နှုန်းထားများကို ဆက်တိုက် မြင့်တက်လာစေပြီး ရင်းနှီးမြှုပ်နှံသူများ ရွှေကိုင်ဆောင်ထားရသည့် အခွင့်အလမ်း ကုန်ကျစရိတ်ကို မြင့်တက်စေခဲ့သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူ အများအပြားက ရွှေများကို ထုတ်ရောင်းရန် ရွေးချယ်ခဲ့ကြသဖြင့်   ကမ္ဘာ့ရွှေဈေးကျဆင်းမှုကို ပိုမိုကြီးမားစေခဲ့သည်။

ဒီဇင်ဘာလ ငွေကြေးမူဝါဒတွင် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်းပွိုင့် မြှင့်တင်နိုင်ခြေမှာ ၉၄.၇ ရာခိုင်နှုန်း ရှိပြီး ၀.၅၀ ရာခိုင်နှုန်းပွိုင့် မြှင့်တင်နိုင်ခြေမှာ ၅.၃ ရာခိုင်နှုန်း ရှိကြောင်း ချီကာဂို ကုန်စည်ဒိုင် (CME) ၏ အမေရိကန် ဗဟိုဘဏ် စောင့်ကြည့်ရေး ကိရိယာက နိုဝင်ဘာ ၁၈ ရက် ဖော်ပြထားသည်။ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို ဆက်လက်မြှင့်တင်လာသည်နှင့်အမျှ ကာလတိုအတွင်း ရွှေဈေးနှုန်းမှာ ဆက်လက်ကျဆင်းနိုင်ခြေနှင့် အတက်အကျ မတည်ငြိမ်မှု ပိုမိုပြင်းထန်လာခြင်းတို့နှင့် ရင်ဆိုင်ရမည်ဟု Goldman Sachs က ခန့်မှန်းထားသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဝယ်သူများက ရွှေထည်ပစ္စည်းများ ရွေးချယ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

国际金价跌破3800美元

新华社纽约11月18日电(记者徐静)国际金价和银价18日大幅下跌。   

数据显示,纽约商品交易所12月黄金期价18日跌破每盎司3800美元关口,跌幅超过3%;12月白银期价一度跌破每盎司45美元,跌幅超过5%。   

最近一段时间以来,国际金价持续回调,一度跌至一年多以来的低点。相比今年初创下的历史高点,国际金价的回调幅度已经超过30%。   

有分析显示,当前国际金价下跌与投资者对美国货币政策走向的判断有直接关联。随着美联储持续收紧货币政策,投资者开始押注美联储可能会进一步加息,进而带动美元和美债收益率持续走强,增加了投资者持有黄金的机会成本。因此,不少投资者选择抛售黄金,进一步放大国际金价的跌势。   

芝加哥商品交易所美联储观察工具18日显示,美联储12月货币政策加息25个基点的概率为94.7%,加息50个基点的概率为5.3%。高盛预计,随着美联储持续加息,短期内金价将面临下行风险和波动加剧。(完)

图说1:6月10日,在江苏省连云港市连云区一家黄金店,店员整理上柜销售的黄金饰品。新华社发(王春摄)

图说2:6月10日,在江苏省连云港市连云区一家黄金店,顾客挑选黄金饰品。新华社发(王春摄)

မူရင်းသတင်း — Xinhua Myanmar