NP News

ထားဝယ်တွင် Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်ဖြစ်သူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

ပုလဲ (NP News) - နိုဝင်ဘာ ၁၉
ထားဝယ်မြို့တွင် Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်ဖြစ်သူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန့် နိုဝင်ဘာလ (၁၈) ရက် ည (၉) နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်၊ မြို့ပတ်လမ်း၊ 3 D စားသောက်ဆိုင်အရှေ့၊ ရွှေသီရိကလေးစားကွင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေသီရိကလေးစားကွင်းအနီးတွင် Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်ဖြစ်သူ အသက် (၄၄) နှစ် အရွယ် အောင်ဇော်ဟိန်း သည် 3D စားသောက်ဆိုင်ထဲမှ ထွက်လာပြီး ယာဉ်ပေါ်တက်ရောက်ရန် ကားတံခါးဖွင့်နေစဉ် အင်္ကျီဖြူဝတ်ဆင်ထားသည့် လူငယ်တစ်ဦးမှ သေနတ်အတိုဖြင့် (၉) ချက်ခန့် ပစ်ခတ်ခဲ့ရာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းရုပ်အ‌လောင်းအား ထားဝယ်ပြည်သု့ဆေးရုံကြီး ပို့ဆောင်ထားပြီးကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — NP News