နေပြည်တော် နိုဝင်ဘာ ၁၉
အားကစားရေးရာ ဝန်ကြီးဌာနမှကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပသည်။
ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။
အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို (၃) ပွဲ (၂) ပွဲဖြင့်လည်းကောင်း၊ အမျိုးသား ဗိုလ်လုပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက အားကစားရေးရာဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ် ဖြင့်လည်းကောင်း အနိုင်ရရှိ ဗိုလ်စွဲခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအမျိုးသမီး စပေးဘောဆုရရှိသော ကျောနံပါတ်(၄) အားကစားရေးရာဝန်ကြီးဌာနမှ မယုနန္ဒာ၊ အကောင်းဆုံးအမျိုးသမီး ခုခံဆယ်မဆုရရှိ သော ကျောနံပါတ် (၆) ကာကွယ်ရေးဝန်ကြီးဌာနမှ မစံပယ်တင်၊ အကောင်းဆုံးအမျိုးသမီး ပင့်ထောင်ဆု ရရှိသော ကျောနံပါတ်(၁) ကာကွယ်ရေးဝန်ကြီးဌာနမှ မနန်းမဉ္ဇူသကလှိုင်၊ အကောင်းဆုံးအမျိုးသမီး ရိုက်ခုတ်ဆုရရှိသော ကျောနံပါတ်(၁၇) ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ မသူဇာအောင်၊ အကောင်းဆုံး အမျိုးသမီးပိတ်ဆို့ဆုရရှိသော ကျောနံပါတ် (၁၄) ပြည်ထဲရေးဝန်ကြီးဌာနမှ မနောမလေး၊ အကောင်းဆုံး အမျိုးသား စပေးဘောဆုရရှိသော ကျောနံပါတ် (၁) ပြည်ထဲရေးဝန်ကြီးဌာနမှ မောင်နေလင်းအောင်၊ အကောင်းဆုံး အမျိုးသားခုခံဆယ်မဆုရရှိသော ကျောနံပါတ်(၁၂) ကာကွယ်ရေးဝန်ကြီးဌာနမှ မောင်ခိုင်မင်း၊ အကောင်းဆုံး အမျိုးသားပင့်ထောင်ဆု ရရှိသောကျောနံပါတ်(၃၀) ကာကွယ်ရေးဝန်ကြီးဌာနမှ မောင်စံညွန့်မောင်၊ အကောင်းဆုံးအမျိုးသား ရိုက်ခုတ်ဆုရရှိသော ကျောနံပါတ်(၁၄) အားကစားရေးရာဝန်ကြီးဌာနမှ မောင်ကြယ်စင်ဖြိုး၊ အကောင်းဆုံးအမျိုးသား ပိတ်ဆို့ဆုရရှိသော ကျောနံပါတ် (၉) အားကစားရေးရာဝန်ကြီးဌာနမှ မောင်ရဲလင်းအောင်တို့ကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိသော ကျောနံပါတ် (၁၁) ကာကွယ်ရေးဝန်ကြီးဌာနမှ မခင်ချိုထက်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအမျိုးသား အားကစား သမားဆုရရှိသော ကျောနံပါတ်(၈) ကာကွယ်ရေး ဝန်ကြီးဌာနမှ မောင်ရှိန်းသူအောင်တို့အား ဆုဖလားနှင့် ငွေသားဆုတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းကလည်းကောင်း၊ စတုတ္ထဆုရရှိသော ပညာရေးဝန်ကြီးဌာန အမျိုးသမီးအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များ နှင့် အတူ ငွေသားဆုများကို ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကလည်းကောင်း၊ တတိယဆုရရှိသော အားကစားရေးရာဝန်ကြီးဌာန အမျိုးသမီးအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားအသင်းတို့အား တစ်ဦးချင်းဆု တံဆိပ်များနှင့်အတူ ငွေသားဆုများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးအသင်းနှင့် အားကစားရေးရာဝန်ကြီးဌာန အမျိုးသားအသင်းတို့အား တစ်ဦးချင်းဆု တံဆိပ်များနှင့်အတူ ငွေသားဆုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းကလည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသမီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲအား အမျိုးသား ဘော်လီဘောအသင်း(၁၉)သင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်း(၉)သင်း ဝင်ရောက်၍ နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်