Myanmar Digital News

ဖြူးမြို့နယ်၌ လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများအား ပညာပေးမွမ်းမံသင်တန်းပေး

ဖြူး နိုဝင်ဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများအား ပညာပေး မွမ်းမံသင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အခွန်ဦးစီးဌာန၌ ပြုလုပ်သည်။

 

မွမ်းမံသင်တန်းတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးက ရုံးခွန်နှင့် အခွန်တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News