မကွေး နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာ အုပ်စုရှိ ဒေသခံတောင်သူများကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသတွင်းစားသုံးဆီ ဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ သွင်းအားစုနှင့် မြေဩဇာများ အချိန်ကိုက် စနစ်တကျထည့်သွင်း အသုံးပြုရေး၊ တစ်ဧကပန်းတိုင် အထွက်နှုန်း ရရှိစေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ထိုသို့ သွားရောက်စဉ် ရွာမွန် ကျေးရွာအုပ်စု ကွင်းအမှတ် (၇၈၆) လွန်ပင်စောက်ကွင်းရှိ တောင်သူ ဦးထွန်းထွန်း၏ ဦးပိုင်အမှတ် (၂၆/၃)၊ မြေကွက်အမှတ် (၉၃) ယာမြေပေါ်တွင် မေရဝါ (ရွှေတောင်- ၁၀ မျိုး) တစ်ဧက နှင့် ဆီထွက်သီးနှံ နေကြာ (ဆင်းရွှေကြာ-၂ မျိုး) နှစ်ဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှု အားပေးသည်။
ထို့အတူ လုပ်ငန်းရှင် ဦးရန်နိုင်ထွန်း၏ “စိုးစံ” ဝါစက်နှင့် ဝါစေ့ ကြိတ်ဆီစက် လုပ်ငန်း၌ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၄၅ အုပ်စုနှင့် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု သုံးအုပ်စုတို့မှ ဒေသခံ ဝါစိုက်တောင်သူများ၏ ဝါထွက်ကုန်များကို လက်ခံဝယ်ယူနေမှု၊ Bajat ဝါကြိတ်ဂျင်ခုံ ခြောက်ခုံနှင့် Nipha ဝါကြိတ်ဂျင်ခုံ ရှစ်ခုံ စုစုပေါင်းဂျင်ခုံ ၁၄ ခုံဖြင့် တစ်နေ့လျှင် ဝါပိဿာချိန် ၁၅၀၀၀ ခန့် ကြိတ်ခွဲသန့်စင် ထုတ်လုပ်နေမှု၊ ဝါဂွမ်းများ သန့်စင်ထုပ်ပိုးနေမှုနှင့် အရည်အသွေးမီ ဝါစေ့ဆီထွက် ပစ္စည်းများ ထုတ်လုပ်နေမှု အဆင့်ဆင့်ကို ကြည့်ရှုအားပေးသည်။
ထို့မှတစ်ဆင့် နတ်မောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာနအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)