Myanmar Transparency News

ဖိလစ်ပိုင်သို့ အမေရိကန်က ဒေါ်လာ ငါးဘီလျံကျော်ဖိုး လက်နက်ရောင်းချမည်ဆိုမှုအား ဖိလစ်ပိုင် စစ်တပ် ကြိုဆို

၂၀.၁၁.၂၀၂၆.
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်က ဒေါ်လာ ငါးဘီလျံကျော်ဖိုး လက်နက်ရောင်းချရန်အတွက် အတည်ပြုခဲ့ခြင်းအပေါ် ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့က ကြိုဆိုကြောင်း နိုဝင်ဘာလ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မာလာကာနန် နန်းတော်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ၎င်းသည် နိုင်ငံရပ်ခြားစစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေများ တိုးမြှင့် ထောက်ပံ့ခဲ့ပြီး ဖိလစ်ပိုင်သို့ ဒေါ်လာ ငါးဘီလျံတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးမှုကို အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ ပံ့ပိုးမှုသည် နိုင်ငံ၏ စစ်ဘက် ခေတ်မီရေး အစီအစဉ်နှင့် ၎င်း၏ ကာကွယ်ရေး စွမ်းရည်များ အားကောင်းလာစေရန် ကြိုးပမ်းမှုများကို အထောက်အကူ ဖြစ်စေမည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောခဲ့သည်။

ဖိလစ်ပိုင်စစ်တပ်၏ စွမ်းဆောင်ရည်များ အားကောင်းလာစေရန် အမေရိကန်ပြည်ထောင်စု၏ ဆက်လက်ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ကြောင်းလည်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဖရန်ဆယ်လ် မာဂရက် ပါဒီလာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဤအကူအညီပုံစံများသည် ယုံကြည်စိတ်ချရသော ကာကွယ်ရေးအနေအထားကို မြှင့်တင်ရန် ကျွန်ုပ်တို့၏ ခေတ်မီတိုးတက်ရေးနှင့် ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူဖြစ်စေသည်”ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် အမေရိကန်ကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် မားကို့စ်နှင့် လက်တွဲလုပ်ဆောင်နေကြောင်း တွေ့ဆုံစဉ်အတွင်း ထရမ့်ပ်က ပြောကြားခဲ့သည်။

ပါဒီလာ “ဘယ်လိုလက်နက်တွေ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာပစ္စည်းတွေကိုမဆို ကျွန်မတို့ရဲ့လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်တွေနဲ့ နိုင်ငံတော်ကာကွယ်ရေးဦးစားပေးမှုတွေအပေါ်အခြေခံပြီး သင့်လျော်တဲ့အကဲဖြတ်မှုနဲ့ ဝယ်ယူရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ထားတာလို့အာမခံပါတယ်” ဟု ပြောခဲ့သည်။

Ref-inquirer.net

မူရင်းသတင်း — Myanmar Transparency News