Xinhua Myanmar

ဖုန်လိယွမ်နှင့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်လာသော နိုင်ငံအကြီးအကဲ သို့မဟုတ် ကိုယ်စားလှယ်များ၏ ဇနီးတို့ “လျင်နန် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှု” ပြပွဲအား လေ့လာကြည့်ရှု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်နှင့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်လာသော နိုင်ငံအကြီးအကဲ သို့မဟုတ် ကိုယ်စားလှယ်များ၏ ဇနီးတို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဆန်းကျန့်မြို့ ဆန်းကျန့်ပင်လယ်အော် ယဉ်ကျေးမှုရင်ပြင်၌ အဖွဲ့လိုက် လှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာ ဖုန်လိယွမ်နှင့် ဧည့်သည်တော်များ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်နှင့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်လာသော နိုင်ငံအကြီးအကဲ သို့မဟုတ် ကိုယ်စားလှယ်များ၏ ဇနီးတို့သည် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဆန်းကျန့်မြို့ ဆန်းကျန့်ပင်လယ်အော် ယဉ်ကျေးမှုရင်ပြင်၌ အဖွဲ့လိုက် လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည်။

ဖုန်လိယွမ်က ဧည့်သည်တော်များအား လှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး ၎င်းတို့နှင့်အတူ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ကလေးငယ်များက လှိုက်လှဲစည်ကားသော ခြင်္သေ့အကနှင့် ရင်းကဲအကတို့ဖြင့် ဧည့်သည်တော်များ လာရောက်မှုကို ကြိုဆိုခဲ့သည်။

ဖုန်လိယွမ်က ဧည့်သည်တော်များကို “လျင်နန် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်တီထွင်မှု” ပြပွဲ လေ့လာကြည့်ရှုရန် ဖိတ်ခေါ်ခဲ့သည်။ ဧည့်သည်တော်များကလည်း စိတ်ဝင်တစား သေသပ်လှပသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုပညာ လက်ရာများအား ရပ်တန့်ရှုစားခဲ့ကြသည်။ ထို့ပြင် လျင်နန်ထူးခြားချက်ရှိသော အသေးစား ယဉ်ကျေးမှုအနုပညာ ဖျော်ဖြေတင်ဆက်မှုကိုလည်း အတူတကွ ကြည့်ရှုခဲ့ပြီး ဒစ်ဂျစ်တယ်အသွင်ပြောင်းထားသော ချီလိုအဆောက်အဦလမ်းမ ရှုခင်းကိုလည်း ရှုစားခဲ့ကြသည်။

ဖုန်လိယွမ်က ဧည့်သည်တော်များနှင့် ရင်းနှီးစွာ ဖလှယ်ခဲ့ရာ လျင်နန်ယဉ်ကျေးမှုသည် တရုတ်ယဉ်ကျေးမှု၏ အရေးကြီး အသက်သွေးကြောဖြစ်ကြောင်း၊ လူသားနှင့် သဘာဝ သင့်မြတ်၍ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်သည့် ဉာဏ်ပညာကို ဖော်ပြလိုက်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ယဉ်ကျေးမှုဖလှယ်သင်ယူမှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

ဧည့်သည်တော်များက တရုတ်နိုင်ငံ အစဉ်အလာယဉ်ကျေးမှု၏ ကြာရှည်သောသမိုင်းနှင့် နက်ရှိုင်းသော အနှစ်သာရကို များစွာချီးကျူးပြောကြားခဲ့ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို များစွာလေးစားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဖလှယ်မှုများ မြှင့်တင်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လေ့လာမှုပြီးဆုံးပြီးနောက် ဖုန်လိယွမ်နှင့် ဧည့်သည်တော်များက စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး ရင်းနှီးစွာနှုတ်ခွန်းဆက်ခဲ့သည်။

အထက်ပါ လှုပ်ရှားမှုသို့ ချီလီနိုင်ငံ သမ္မတ၏ ဇနီး María Pía Adriasola ၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ ဇနီး Kim Hea Kyung ၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ၏ ဇနီး Liza Araneta Marcos ၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၏ ဇနီး Ngo Phuong Ly ၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်၏ ဇနီး Loo Tze Lui ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ဇနီး Thananon Charnvirakul ၊ တရုတ်နိုင်ငံ ထိုင်ပေ စီးပွားရေးအကြီးအကဲ ကိုယ်စားလှယ်၏ ဇနီး ယဲ့ကျီဟွာ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဇနီး ဖုန်လိယွမ်နှင့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်လာသော နိုင်ငံအကြီးအကဲ သို့မဟုတ် ကိုယ်စားလှယ်များ၏ ဇနီးတို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဆန်းကျန့်မြို့ ဆန်းကျန့်ပင်လယ်အော်ယဉ်ကျေးမှုရင်ပြင်၌ အဖွဲ့လိုက် လှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာ ဖုန်လိယွမ်နှင့် ဧည့်သည်တော်များက လှပသေသပ်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုပညာလက်ရာအား ရှုစားနေစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

聚焦APEC|彭丽媛同亚太经合组织经济体领导人或代表配偶参观“岭南非遗传承与创新”主题展

新华社深圳11月19日电(记者温馨、李思佳)11月19日上午,国家主席习近平夫人彭丽媛同出席亚太经合组织第三十三次领导人非正式会议的经济体领导人或代表配偶在深圳湾文化广场举行集体活动。  

彭丽媛热情迎接来宾并同她们合影。孩子们以喜庆热烈的醒狮和英歌舞欢迎嘉宾们的到来。彭丽媛邀请来宾参观“岭南非遗传承与创新”主题展。大家兴致盎然,不时驻足观看精美的非遗工艺品,共同欣赏岭南特色小型文艺展示,体验数字化骑楼街景。  

彭丽媛同来宾们亲切交流,表示岭南文化是中华文化重要支脉,展现了人与自然和合共生的智慧,中方愿同各方加强文化交流互鉴。来宾们对中华传统文化悠久历史和深厚底蕴赞不绝口,对中国式现代化发展成就深表钦佩,期待同中方深化交流合作。  

参观结束时,彭丽媛同来宾们合影留念并亲切道别。  

智利总统夫人阿德里亚索拉,韩国总统夫人金惠景,菲律宾总统夫人丽莎,越共中央总书记、国家主席夫人吴芳璃,新加坡总理夫人吕子蕊,泰国总理夫人塔娜侬,中国台北经济领导人代表夫人叶紫华等参加上述活动。(完)

图说1:11月19日上午,国家主席习近平夫人彭丽媛同出席亚太经合组织第三十三次领导人非正式会议的经济体领导人或代表配偶在深圳湾文化广场举行集体活动。这是彭丽媛同来宾合影。 新华社记者 李响 摄

图说2:11月19日上午,国家主席习近平夫人彭丽媛同出席亚太经合组织第三十三次领导人非正式会议的经济体领导人或代表配偶在深圳湾文化广场举行集体活动。彭丽媛邀请来宾参观“岭南非遗传承与创新”主题展。这是彭丽媛同来宾驻足观看精美的非遗工艺品。 新华社记者 丁林 摄

မူရင်းသတင်း — Xinhua Myanmar