
ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသမ္မတ ပူတင်၊ အမေရိကန်နိုင်ငံသမ္မတ ထရမ့်တို့နှင့်အတူ တရုတ်-ရုရှား-အမေရိကန် သုံးနိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲကို တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။ ရှီကျင့်ဖိန်က အင်အားကြီးနိုင်ငံများအကြား မည်သို့ မှန်ကန်စွာ အတူယှဉ်တွဲနေထိုင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်သဘောထား ၄ ရပ်ကို ပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် အပြန်အလှန် လေးစားမှုကို ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
အပြန်အလှန် လေးစားမှုသည် အင်အားကြီးနိုင်ငံများအကြား ကူးလူးဆက်ဆံရာတွင် အခြေခံကျင့်ဝတ်စည်းကမ်း ဖြစ်ကြောင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန် သုံးနိုင်ငံတို့သည် နိုင်ငံအခြေအနေချင်း မတူညီကြသဖြင့် မည်သူက မည်သူ့ကိုမျှ ပြောင်းလဲပစ်၍မရနိုင်ကြောင်း၊ ယင်းမှာ သမိုင်းကြောင်းအရ ဖြစ်ပေါ်လာခြင်းဖြစ်သကဲ့သို့ သက်ဆိုင်ရာ ပြည်သူများ၏ ကိုယ်ပိုင်ရွေးချယ်မှုလည်း ဖြစ်ကြောင်း၊ မှန်ကန်သော သဘောထားမှာ အပြန်အလှန် လေးစားခြင်း၊ မတူကွဲပြားမှုများကို ထားရှိ၍ တူညီမှုများကို ရှာဖွေခြင်းနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သုံးနိုင်ငံတို့သည် အချင်းချင်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားခြင်း၊ အသီးသီး ရွေးချယ်ထားသော လူမှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများကို လေးစားခြင်း၊ တစ်နိုင်ငံ၏ပင်မအကျိုးစီးပွားများနှင့် အရေးကြီးသော စိုးရိမ်မကင်းဖြစ်စရာကိစ္စရပ်များကို တစ်နိုင်ငံက လေးစားခြင်းတို့ ရှိရမည်ဖြစ်ကြောင်း၊ သုံးနိုင်ငံတို့သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိုလည်းကောင်း အချင်းချင်း၏ ပြည်တွင်းရေးရာ ကိစ္စရပ်များကို ဝင်ရောက်မစွက်ဖက်ရေးတို့ကို လက်ကိုင်ထားကျင့်သုံးရမည်ဖြစ်ကြောင်း၊ တစ်ဖက်၏ အရေးကြီး၍ ထိလွယ်ရှလွယ်ဖြစ်သော ကိစ္စရပ်များတွင် ကြိုတင်ဆက်သွယ်ညှိနှိုင်းခြင်း၊ တစ်ဖက်သားနေရာမှ ဝင်ရောက်စဉ်းစားပေးခြင်းနှင့် သတိထား လုပ်ဆောင်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပြီး အထူးသဖြင့် တစ်ဖက်သား၏ အခြေခံ စည်းမျဉ်းစည်းကမ်းကို ထိပါး၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
“သုဇိတာထောင်ချောက် (Thucydides Trap)” သည် လုံးဝ ရှောင်လွှဲမရသောကံကြမ္မာ မဟုတ်ဘဲ အဓိကအချက်မှာ ပင်မအင်အားကြီးနိုင်ငံများအနေဖြင့် မည်သို့ ရွေးချယ်ဆုံးဖြတ်ကြမည်ဆိုသည့်အပေါ်တွင် မူတည်ကြောင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန်တို့သည် မိတ်ဖက်များ၊ မိတ်ဆွေများ ဖြစ်သင့်ပြီး ပဋိပက္ခမဖြစ်၊ ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူဘောင်ကို စောင့်ထိန်းကာ “သုဇိတာထောင်ချောက်” ကို ကျော်လွှားနိုင်ရန် ကြိုးပမ်းသင့်ကြောင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန် သုံးနိုင်ငံစလုံးသည် ဒုတိယကမ္ဘာစစ်တွင် အဓိကစစ်ပွဲအနိုင်ရနိုင်ငံကြီးများ ဖြစ်ကြသည့်အတွက် စစ်ပြီးခေတ် နိုင်ငံတကာစည်းစနစ်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များကို ခိုင်ခိုင်မာမာ ထိန်းသိမ်းစောင့်ရှောက်သင့်ပြီး ခဲရာခဲဆစ် ရယူခဲ့ရသော ဒုတိယကမ္ဘာစစ် အောင်ပွဲရလဒ်များကို ကာကွယ်စောင့်ရှောက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များသည် လူသားမျိုးနွယ်၏ ဦးခေါင်းထက်တွင် ချိတ်ဆွဲထားသော အာဏာအန္တရာယ်ဓားသွား “ဒါမိုကလိစ်ဓား (Sword of Damocles)” နှင့် တူသဖြင့် အလုံးစုံ ပိတ်ပင်တားမြစ်ပြီး အပြီးတိုင် ဖျက်သိမ်းသင့်ကာ နောက်ဆုံးတွင် နျူကလီးယားလက်နက် ကင်းစင်သော ကမ္ဘာကြီးကို တည်ဆောက်သင့်ကြောင်း၊ နျူကလီးယားစစ်ပွဲသည် အနိုင်ရရှိသည်ဟူ၍ မရှိသလို ဖြစ်ပွား၍လည်း မရကြောင်း၊ နျူကလီးယားစစ်ပွဲကို တားဆီးရန် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်ပြီး နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ကို လိုက်နာကာ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအချက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
သုံးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ် အခြေအနေများ မတူညီကြသော်လည်း စီးပွားရေးအရ အပြန်အလှန် ဖြည့်ဆည်းပေးနိုင်စွမ်း အားကောင်းသဖြင့် မိမိတို့၏ အားသာချက်များကို အသုံးချကာ လိုအပ်ချက်များကို အပြန်အလှန် ဖလှယ်ဖြည့်ဆည်းနိုင်ကြောင်း၊ စစ်အေးတိုက်ပွဲ အတွေးအခေါ်များကို စွန့်ပယ်၍ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်မြှင့်တင်သင့်ကြောင်း၊ “စီးပွားရေးခွဲထုတ်မှုနှင့် ကွင်းဆက်ဖြတ်တောက်မှုများ” တို့ကို ပြုလုပ်မည့်အစား သယံဇာတကြွယ်ဝသည့်နိုင်ငံ၊ ကုန်ထုတ်လုပ်မှုအင်အား ကြီးမားသည့်နိုင်ငံနှင့် စားသုံးသူနိုင်ငံတို့၏ သက်ဆိုင်ရာအားသာချက်များကို ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို အတူတကွကြီးထွားအောင် လုပ်ဆောင်ခြင်းဖြင့် နှစ်ဖက်အကျိုးနှင့် ဘုံအကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဖူလုံရေးသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရရာ သုံးနိုင်ငံအနေဖြင့် ဆက်သွယ်ညှိနှိုင်းမှုကိုမြှင့်တင်ပြီး စွမ်းအင်စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်ချောမွေ့စေရေးကို အတူတကွ ထိန်းသိမ်းကာ ကမ္ဘာ့စွမ်းအင်ဈေးကွက် ဘေးကင်းတည်ငြိမ်စေရေးကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် အဖြေရှာရေးကို ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
အင်အားကြီးနိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ရှိခြင်းမှာ ရှောင်လွှဲ၍ မရနိုင်ကြောင်း၊ အကယ်၍ ဆက်သွယ်ဆွေးနွေးမှု မရှိပါက သံသယစိတ်များ ပျံ့နှံ့လာမည်ဖြစ်ပြီး အသေးအဖွဲ ပွတ်တိုက်မှုများသည်ပင် ကြီးမားသော ပဋိပက္ခများအဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း၊ သုံးနိုင်ငံအနေဖြင့် ပုံမှန် အဆင့်မြင့်အလွှာ အပြန်အလှန် ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး အလွှာအားလုံးတွင်ဆွေးနွေးမှုလမ်းကြောင်းများကို ချောမွေ့စေကာ အကျပ်အတည်းဆိုင်ရာ ဆက်သွယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးယန္တရားများ တည်ထောင်၍ အထင်အမြင်လွဲမှားမှုများ လျော့နည်းစေရန်၊ သဘောထားကွဲလွဲမှုများကို စီမံထိန်းချုပ်နိုင်ရန်နှင့် ပွတ်တိုက်မှုများ အရှိန်မြင့်တက်မလာစေရန် သေချာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ အငြင်းပွားမှုအမျိုးမျိုး အဆက်မပြတ် ဖြစ်ပွားနေပြီး အရေးကြီးထင်ရှားသော ပြဿနာများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်ပေါက်နေရာ နိုင်ငံတကာ အသိုင်းအဝိုင်းက အင်အားကြီးနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဖျောင်းဖျဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်ရန် မျှော်လင့်နေကြကြောင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန် သုံးနိုင်ငံအနေဖြင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများ အတူတကွ ထိုင်၍ ဆွေးနွေးလာကြစေရန် ဆက်လက် တွန်းအားပေးသင့်ပြီး နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းများဖြင့် အငြင်းပွားမှုများကို ဖြေရှင်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------------------
(Chinese Version)
习近平就大国如何正确相处提出4点看法
新华社深圳11月19日电(记者曹嘉玥、邓华)11月19日下午,国家主席习近平在深圳同俄罗斯总统普京、美国总统特朗普举行中俄美元首会晤。习近平就大国如何正确相处、共同为世界和平托底提出4点看法:
第一,坚持相互尊重。相互尊重是大国交往的基本准则。中俄美三国国情不同,谁也改变不了谁,这是历史形成的,也是各自人民的自主选择。正确的态度是彼此尊重、求同存异、共同发展。要尊重彼此主权和领土完整,尊重各自选择的社会制度和发展道路,尊重彼此核心利益和重大关切。要坚持不干涉别国内政,不干涉彼此内部事务。在涉及对方的重大敏感问题上,提前沟通、换位思考、谨慎行事,特别是不能触碰对方的底线。
第二,坚持和平共处。“修昔底德陷阱”绝不是宿命,关键要看主要大国如何抉择。中俄美要做伙伴、做朋友,不冲突、不对抗,守住和平共处底线,努力跨越“修昔底德陷阱”。中俄美都是二战主要战胜国,应当坚定维护战后国际秩序,维护《联合国宪章》宗旨,捍卫来之不易的二战胜利成果。核武器是悬在人类头上的“达摩克利斯之剑”,应该全面禁止并彻底销毁,最终建立无核武器世界。核战争打不赢也打不得。要尽一切努力防止核战争,遵守《不扩散核武器条约》,维护全球战略稳定。
第三,坚持合作共赢。三国发展禀赋不同,经济互补性强,可以发挥自身优势,互通有无。应该摒弃冷战思维,加强经贸合作,将资源大国、制造大国、消费大国的各自优势贯通起来,共同做大合作蛋糕,实现双赢共赢,而不能搞“脱钩断链”。全球能源安全面临严峻挑战,三国可以加强沟通和协调,共同维护能源产业链供应链稳定畅通,维护全球能源市场安全稳定。
第四,坚持对话协商。大国间有分歧在所难免,如果不沟通,猜忌便会蔓延,小摩擦也可能演变成大冲突。三国要保持常态化高层交往,畅通各层级对话渠道,建立危机沟通和预防机制,确保误判少发生、分歧管得住、摩擦不升级。当前,全球各种纷争持续不断,热点问题按下葫芦浮起瓢,国际社会期待大国多做劝和促谈工作。中俄美三国应该继续推动冲突当事方坐下来、谈起来,通过政治外交手段化解纷争。(完)
图说:11月19日下午,国家主席习近平在深圳同俄罗斯总统普京、美国总统特朗普举行中俄美元首会晤。 新华社记者 谢环驰 摄