Myanmar Digital News

မလေးရှားနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း လက်ထပ်မှုနှင့် ကွာရှင်းမှုနှုန်း ကျဆင်း

နိုဝင်ဘာ ၂၀

မလေးရှားနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း လက်ထပ်မှုနှင့် ကွာရှင်းမှု အရေအတွက်နှစ်ခုစလုံး ကျဆင်းခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် တရားဝင်စာရင်းအင်းအချက်အလက်များအရ သိရသည်။

ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက လက်ထပ်မှုအရေအတွက် ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကွာရှင်းမှုအရေအတွက် ၀ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွင်း လက်ထပ်မှုအရေအတွက် ၁၉၁၀၈၉ ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ၁၉၂၅၄၅ ခုထက် လျော့နည်းခဲ့ကြောင်း မလေးရှားစာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် လူဦးရေ ၁၀၀၀ လျှင် လက်ထပ်မှုနှုန်း  ၅ ဒသမ ၇ ခုအဖြစ် မပြောင်းလဲဘဲ တည်ငြိမ်နေခဲ့သည်။

အလားတူ ၂၀၂၅ ခုနှစ်အတွင်း ကွာရှင်းမှုအရေအတွက် ၆၀၄၁၆ ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ၆၀၆၉၇ ခုထက် လျော့နည်းခဲ့သည်။ ကွာရှင်းမှုအရေအတွက် ကျဆင်းခဲ့သော်လည်း လူဦးရေ ၁၀၀၀ လျှင် ကွာရှင်းမှုနှုန်း ၁ ဒသမ ၈ ခုအဖြစ် မပြောင်းလဲပဲရှိကြောင်း သိရသည်။

 

စာရင်းအင်းအချက်အလက်များအရ အသက် ၃၀ နှစ်မှ ၃၄ နှစ်အတွင်းရှိသူ အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံးသည် ကွာရှင်းမှုအများဆုံး စံချိန်တင်ခဲ့သည့် အသက်အုပ်စုဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News