
သန်လျင် နိုဝင်ဘာ ၂၀
သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ဂေါပကအဖွဲ့မှကြီးမှူး၍ တန်ဆောင်တိုင် (၄၁)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲ၊ ဆီးမီးပူဇော်ပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ စတုဒိသာကျွေးမွေးလှူဒါန်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် ဘုရားရှေ့ ယာဉ်ရပ်နားကွင်း၌ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ကြာကန်ဗိမာန်တော်၌ ဆရာတော်သံဃာတော်အပါး (၂၇၀)တို့အား စာရေးတံမဲပဒေသာပင်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ အလှူရှင်များအနေဖြင့် ဂေါပကအဖွဲ့ ဖုန်း ၀၉ ၄၂၀၁၈၉၆၄၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)