CarsDB

တရုတ်ပြည်ထုတ် Mercedes-Benz VLE ကို နိုဝင်ဘာလ ၂၇ ကွမ်ကျိုး ကားပြပွဲကြီးတွင် စတင်မိတ်ဆက်မည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် စတင်ကျင်းပမည့် ကွမ်ကျိုး နိုင်ငံတကာ ကားပြပွဲကြီး (Guangzhou Auto Show 2026) ၌ တရုတ်ပြည်ထုတ် Mercedes-Benz VLE Minivan EV ကို ပထမဆုံးအကြိမ် ပွဲထုတ်ပြသသွားရန် စီစဉ်ထားသည်။

တရုတ်ပြည်တွင် ပြည်တွင်းထုတ် luxury MPV မော်ဒယ်များ များပြားလာနေရာ VLE အနေဖြင့် ဈေးကွက်ဝေစုရရန် အပြင်းအထန် ယှဉ်ပြိုင်ရလိမ့်မည် ဖြစ်သည်။

Mercedes-Benz VLE သည် Vision V နမူနာကားကို အခြေခံ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လတွင် စပိန်နိုင်ငံ၌ စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

The Mercedes-Benz VLE 400

The Mercedes-Benz VLE 300 (left) and the VLE 400

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ VLE ကို ရောင်းချခွင့်လိုင်စင် လျှောက်ထားခဲ့သည်။ တရုတ်ပြည်သည် ဂျာမန်ကားကုမ္ပဏီကြီး Mercedes-Benz ၏ အကြီးမားဆုံး ဈေးကွက်တစ်ခုဖြစ်သည်။

ထိုသို့ရောင်းချရာတွင် စပိန်တွင် ထုတ်လုပ်သည့်ကားများကို ရောင်းချမည်မဟုတ်ဘဲ တရုတ်ပြည်တွင်းတွင် ထုတ်လုပ်သွားရန် စီစဉ်ခဲ့သည်။

VLE EV ကို Mercedes-Benz Group၊ BAIC နှင့် Fujian Motor Industry တို့ ပူးပေါင်းထားသည့် Fujian Benz အမည်ရှိ ဖက်စပ်ကုမ္ပဏီမှတဆင့် တရုတ်ပြည်တွင်းတွင် ထုတ်လုပ်သွားမည် ဖြစ်သည်။

Soueast S09 2025

2,590 သိန်း

Toyota Vitz 2006

810 သိန်း

Jetour X70 2020

1,680 သိန်း

Soueast DX3 2020

1,580 သိန်း

Suzuki Carry 2007

556 သိန်း

GAC GN8 2020

3,200 သိန်း

Suzuki Ertiga 2017

1,380 သိန်း

Toyota Mark X 2006

1,350 သိန်း

Honda Fit GE6 2009

Call for Price

Toyota Alphard 2008

3,200 သိန်း

ထိုဖက်စပ်ကုမ္ပဏီသည် V-Class နှင့် Vito မော်ဒယ်များကိုလည်း တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။

Mercedes-Benz သည် တရုတ်ပြည်ထုတ် VLE ကို ဈေးကွက်သို့ အမြန်ပို့နိုင်ရန် တက်သုတ်ရိုက် ဆောင်ရွက်နေသည်ဟု ယူဆရသော်လည်း ထို MPV နှင့် ပတ်သက်သည့် အစီအစဉ်များကိုမူ ထုတ်ဖော်ကြေညာခြင်းမရှ်ိခဲ့ဘဲ အသံတိတ်နေသည်။

ထို VLE မော်ဒယ်ကို ၂၀၂၆ ကွမ်ကျိုး ကားပြပွဲကြီးတွင် စတင်မိတ်ဆက် ပွဲထုတ်မည်ဖြစ်ကြောင်း တရုတ်ပြည်တွင်းသတင်းရင်းမြစ် အသီးသီးက နိုဝင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့ကြသည်။

သို့သော် Mercedes-Benz အနေဖြင့် ကွမ်ကျိုးကားပြပွဲတွင် VLE ကို တရားဝင်စတင်ရောင်းချပေးခြင်း (သို့မဟုတ်) ဈေးနှုန်း ထုတ်ပြန်ကြေညာခြင်း ရှိ၊ မရှိကိုမူ မသိရှိရသေးချေ။

VLE ၏ အရွယ်အစားမှာ 5310/2000/1922 mm ရှိပြီး wheelbase မှာ 3,340 mm ဖြစ်သည်။

ဘီးအရွယ်အစား ၃ မျိုးလာရာ R19၊ R20 နှင့် R21 တို့ ဖြစ်သည်။ ကားအလေးချိန်မှာ ၃,၀၃၀ ကီလိုဂရမ်မှ ၃,၂၂၀ ကီလိုဂရမ်ကြား ရှိပြီး စုစုပေါင်းဝန်တင် အလေးချိန်မှာ ၃,၇၈၀ ကီလိုဂရမ် ဖြစ်သည်။

VLE တွင် ထိုင်ခုံ ၇ လုံးပါဝင်ပြီး ၂+၂+၃ ပုံစံ ခင်းကျင်းထားသည်။

Equipment of the Mercedes-Benz VLE

နောက်ဝင်ရိုးတွင် ZF ကုမ္ပဏီထုတ် မော်တာကို standard အဖြစ် သုံးထားပြီး အထွက်အား 200 kW (268 hp) ရှိသည်။

ထို့အပြင် မော်တာ ၂ လုံးတပ် Dual-motor AWD မျိုးကွဲလည်း ရရှိနိုင်ပြီး အထွက်အားမှာ 305 kW (409 hp) ဖြစ်သည်။

ထို ၂ မျိုးလုံးတွင် CATL-Benz ဖက်စပ်ထုတ် ဆဲလ်များကို အသုံးပြုထားသည့် ternary NMC ဘက်ထရီကို သုံးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China-made Mercedes-Benz VLE to debut in Guangzhou on November 27 (carnewschina)

မူရင်းသတင်း — CarsDB