
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှူအာ ဗန် (Joshua Van) သည် သူ၏ ကစားသမားဘဝတစ်လျှောက် ကားအမျိုးအစား အများအပြားနှင့် ဆက်စပ်ပတ်သက်မှုရှိခဲ့ပြီး ကားနှင့်ပတ်သက်သည့် အမှတ်တရဖြစ်ရပ်များ လည်း ရှိခဲ့သည်။
► Chevrolet Corvette Z06 (2026)
ဗန်သည် ပန်တိုဂျာနှင့် ခါးပတ်ကာကွယ်ပွဲအပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ၎င်း၏ အောင်ပွဲ အထိမ်းအမှတ်အနေဖြင့် ခန့်မှန်းချေ ဒေါ်လာ ၁၁၂,၀၀၀ မှ ၁၃၅,၀၀၀ ကြား တန်ကြေးရှိ အနက်ရောင် Corvette Z06 အမိုးဖွင့် ပြိုင်ကားတစ်စီးကို ဝယ်ယူခဲ့သည်။
ထို့နောက် မိခင်၊ လက်တွဲဖော်တို့နှင့်အတူ ထိုပြိုင်ကားနှင့် တွဲကာ ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို TikTok ကဲ့သို့သော လူမှုကွန်ရက်များတွင် မျှဝေခဲ့သည်။
အင်ဂျင်= 5.5L Naturally Aspirated V8 (LT6) (အင်ဂျင်လည်ပတ်နှုန်း 8,600 RPM အထိ ရောက်ရှိနိုင်သည့် Flat-plane crank V8)
ဆွဲအား= 670 hp (@ 8,400 rpm)
ရုန်းအား= 460 lb-ft (@ 6,300 rpm)
အားသာချက်= ပြိုင်ကားစစ်စစ် အမျိုးအစားဖြစ်ပြီး စွမ်းဆောင်ရည်မြင့် Flat-plane crank V8 အင်ဂျင် တပ်ဆင်ထားပါသည်။
► 2026 Chevrolet Silverado 1500 ZR2
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ချန်ပီယံစိန်ခေါ်ပွဲ မတိုင်မီတွင် ဗန်သည် Parkway Chevrolet အရောင်းပြခန်းမှ အနက်ရောင် 2026 Chevy ZR2 ပစ်ကပ်ထရပ်ကားတစ်စင်းကို ဝယ်ယူခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း Steve Rayman Chevrolet ၏ အရောင်းမြှင့်တင်ရေး ကြော်ငြာတစ်ခု၌ ဗန်က အဖြူရောင် Silverado 1500 ZR2 ကားကို မောင်းနှင်နေပုံဖြင့် ပါဝင်ခဲ့သည်။
2,590 သိန်း
810 သိန်း
1,680 သိန်း
1,580 သိန်း
556 သိန်း
3,200 သိန်း
1,380 သိန်း
1,350 သိန်း
Call for Price
3,200 သိန်း
အင်ဂျင်= 3.0L Duramax Turbo-Diesel (သို့မဟုတ်) 6.2L V8
ဆွဲအား= 305 hp (Diesel) / 420 hp (6.2L V8)
ရုန်းအား= 495 lb-ft (Diesel) / 460 lb-ft (6.2L V8)
အားသာချက်= ကြမ်းတမ်းသော လမ်းများတွင် မောင်းနှင်ရန် အထူးထုတ်လုပ်ထားပြီး မြေပြင်ကင်းလွတ်အမြင့် ၁၁ ဒသမ ၂ လက်မရှိကာ အဆင့်မြင့် Suspension စနစ်များ ပါဝင်သည်။
► Cadillac CT5
၂၀၂၅ ခုနှစ် ဇွန်လအတွင်း ဘရန်ဒန် ရွိုင်ဗဲ (Brandon Royval) နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် UFC 317 ပွဲစဉ်မတိုင်မီ ဗန်က မိမိကိုယ်ကို ဆုချသည့်အနေဖြင့် မော်ဒယ်မြင့် Cadillac CT5 ကားတစ်စီး ဝယ်ယူခဲ့ကြောင်း YouTube အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
၎င်းအနေဖြင့် ဂန္ထဝင်ကားဟောင်း (Classic cars) များကို နှစ်သက်မြတ်နိုးသော်လည်း လက်ရှိအချိန်တွင် ပြုပြင်ထိန်းသိမ်းရန် အချိန်မပေးနိုင်သေးသဖြင့် မော်ဒယ်မြင့်ကားသစ်များကိုသာ ဦးစားပေးရွေးချယ်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
အင်ဂျင်=2.0L Turbo I-4 (သို့မဟုတ်) 3.0L Twin-Turbo V6
ဆွဲအား= 237 hp (2.0L) / 335 hp (3.0L V6)
ရုန်းအား= 258 lb-ft (2.0L) / 405 lb-ft (3.0L V6)
အားသာချက်= နေ့စဉ် သက်တောင့်သက်သာ စီးနိုင်ရန် ထုတ်လုပ်ထားသည့် ဇိမ်ခံ ဆီဒင်ကားဖြစ်ပြီး ၁၀ ချက်ထိုး အော်တိုဂီယာဖြင့် ငြိမ့်ညောင်းစွာ မောင်းနှင်နိုင်သည်။
► Toyota Fortuner
ဗန်သည် တတ်ဆုရို တိုင်ရာကို အနိုင်ယူကာ ချန်ပီယံခါးပါတ်ကာကွယ်ခဲ့ပြီးနောက် အာရှတလွှား အောင်ပွဲခံ ခရီးစဉ်ထွက်ခဲ့ရာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် (Mizoram) သို့လည်း ရောက်ရှိခဲ့သည်။ မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗန်ကို လက်ခံတွေ့ဆုံပြီး မီဇိုရမ်လူငယ်တို့၏ လမ်းပြကြယ်ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ မီဇိုရမ်သို့ ရောက်စဉ် ဗန်က Toyota Fortuner ကားအမျိုးအစားကို ရွေးချယ်အသုံးပြုခဲ့ကြောင်း Zote Motors က ဖော်ပြသည်။
► ၂၀၂၃ ခုနှစ် ယာဉ်မတော်တဆမှု ဖြစ်စဉ်
ဗန်သည် UFC ကစားသမားဘဝ အစောပိုင်းကာလဖြစ်သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ UFC 295 ပြိုင်ပွဲတွင် ကီဗင် ဘော်ဂျာ့စ် (Kevin Borjas) ကို ထိုးသတ်အနိုင်မယူမီ ရက်သတ္တ ၃ ပတ်အလို၌ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သည်။ မောင်းနှင်လာသည့်ကားမှာ လုံးဝပျက်စီးသွားခဲ့သော်လည်း ဗန်မှာမူ ကြီးကြီးမားမား ဒဏ်ရာမရဘဲ လွတ်မြောက်ခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးတစ်ခုတွင် ဖွင့်ဟပြောကြားခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com