
ပဲရစ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံတွင် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများကြောင့် စုစုပေါင်း အနည်းဆုံး ယူရို ၂၀၇ သန်းတန်ဖိုးရှိ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ဟု ပြင်သစ် အာမခံလုပ်ငန်း အသင်းချုပ်က နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဤအဓိကရုဏ်းများအတွင်း ဖျက်ဆီးမှု ဖြစ်ရပ် ၅,၂၈၀ ခုကို ပြင်သစ် အာမခံလုပ်ငန်း အသင်းချုပ်က မှတ်တမ်းတင်ခဲ့ကြောင်း၊ ဖျက်ဆီးမှု ဖြစ်ရပ်များကြောင့် ဖြစ်ပွားခဲ့သည့် ပိုင်ဆိုင်မှုပျက်စီးဆုံးရှုံးမှုအနက် ၉၅ ရာခိုင်နှုန်းခန့်မှာ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှုဖြစ်ပြီး ကျန်သည့်အပိုင်းမှာ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုနှင့် ယာဉ်များ ပျက်စီးမှု ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ ၂၄ နာရီအတွင်း ဤသို့ အတိုင်းအတာရှိသော ဖျက်ဆီးမှု ဖြစ်ပွားခြင်းမှာ အတော်လေး တွေ့ရခဲကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ပြင်သစ်၌ ရက်သတ္တပတ် ၄ ပတ်ခန့်ကြာခဲ့သည့် အဓိကရုဏ်းတစ်ခုကြောင့် ယူရို ၂၀၉ သန်းခန့် ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အေအက်ဖ်ပီ (AFP) သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်တွင် ပြင်သစ်၌ ရက်သတ္တပတ် တစ်ပတ်ကြာခဲ့သည့် အဓိကရုဏ်းတစ်ခုကြောင့် ယူရို သန်း ၈၀၀ ခန့် ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပြင်သစ်၌ နေထိုင်မှုစရိတ် မြင့်မားနေမှုကို ဆန့်ကျင်သည့် နိုင်ငံတစ်ဝန်း ဆန္ဒပြ လှုပ်ရှားမှုများ အောက်တိုဘာလ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည်။ အစိုးရက လူ ၅၅၀,၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု ခန့်မှန်းပြီး စီစဉ်သူများကမူ ပါဝင်သူအရေအတွက်မှာ ၈၀၀,၀၀၀ အထိ ရောက်ရှိသည်ဟု ဆိုသည်။ ယင်းညပိုင်းတွင် ပဲရစ်စသည့် အချို့မြို့များတွင် ဆန္ဒပြမှုများသည် အဓိကရုဏ်းများအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့သည်။ တရားဝင် စာရင်းအင်းအရ နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး ဆိုင်ခန်း ၃,၀၀၀ သည် လုယက်ခြင်း သို့မဟုတ် ရိုက်ခွဲဖျက်ဆီးခြင်း ခံခဲ့ရသည်။ (Xinhua)

...........................
(Chinese Version)
保险行会:法国10月骚乱造成财产损失超2亿欧元
新华社巴黎11月19日电(记者乔本孝)法国保险业联合会19日发布公告说,该国10月发生的骚乱总计造成至少2.07亿欧元财产损失。
公告说,法国保险业联合会记录了发生在此次骚乱中的5280起破坏事件。在破坏事件造成的财产损失中,约95%是商业财产损失,其余是个人财产及车辆受损。
公告说,10月17日至18日的24小时内发生如此规模的破坏较为罕见。2005年法国一场持续约4周的骚乱造成约2.09亿欧元财产损失。另据法新社报道,2023年法国一场持续一周的骚乱造成约8亿欧元财产损失。
10月17日,法国发生抗议生活成本高企的全国性示威活动。政府估计约有55万人参与,组织方称参与人数达到80万。当晚,巴黎等部分城市示威活动酿成骚乱。据官方统计,全国至少3000家商铺遭劫掠或打砸。(完)
图说1:11月7日,人们在法国里尔街头参加示威游行。新华社发(塞巴斯蒂安·库尔吉 摄)
图说2:11月5日,在法国巴黎,安全人员在示威游行现场执勤。新华社发(奥雷利安·莫里萨尔摄)