Myanmar Transparency News

နေပြည်တော်တွင် တရုတ်သံရုံးက ဆက်သွယ်ရေးရုံးသစ် ဖွင့်လှစ်

MT News
၂၁. ၁၁. ၂၀၂၆

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နေပြည်တော်ဆက်သွယ်ရေးရုံးသစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးသစ်ဖွင့်ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် တက်ရောက်ချီးမြှင့်ကာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့်အတူ ဆက်သွယ်ရေးရုံးသစ်၏ ဆိုင်းဘုတ်ကို အတူတကွ ဖွင့်လှစ်ပေးခဲ့ကြပြီး အခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် တရုတ်သံရုံး သံမှူးကြီး Mr. Shen Dan တို့ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံမှုများနှင့် မကြာသေးမီနှစ်များအတွင်း တရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတွင် ရရှိခဲ့သည့် အပြုသဘောဆောင်သော တိုးတက်မှုများကို နှစ်ဖက်ပြန်လည် သုံးသပ်ခဲ့ကြပြီး နေပြည်တော်ဆက်သွယ်ရေးရုံးသစ်ကို စတင်ဖွင့်လှစ်ခြင်းဖြင့် တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးအကြား ဆက်သွယ်မှုများကို ပိုမို အားကောင်းစေမည်ဖြစ်ကာ နှစ်နိုင်ငံကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

မူရင်းသတင်း — Myanmar Transparency News