NP News

ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ပြန်စဥ်းစားကြရန် ယူကရိန်းသမ္မတ တောင်းဆို

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

ပြင်သစ်သမ္မတမက်ခရွန်က ယူကရိန်း၏ နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် နိုဝင်ဘာ (၁၉) ရက်၊ ကြာသပတေးနေ့တွင် တောင်းဆိုလိုက်ပြီး၊ ရုရှား၏ အစွန်းရောက်တောင်းဆိုမှုများနှင့် ပိုမိုအင်အားတောင့်တင်းလာသော ယူကရိန်းစစ်တပ်တို့ကြောင့် အဆိုပါကိစ္စသည် ဥရောပ၏ ရေရှည်လုံခြုံရေးအတွက် အဓိကအချက်ဖြစ်လာကြောင်း အခိုင်အမာပြောကြားခဲ့သည်။

"ရုရှားဘက်က အလျှော့မပေးဘဲတောင်းဆိုနေတဲ့သဘောထားတွေနဲ့ရင်ဆိုင်နေရချိန်မှာ ယူကရိန်းကို နေတိုး (NATO) အဖွဲ့ထဲ ဝင်ခွင့်ပြုရေးကိစ္စကို ကျွန်တော်တို့ ပြန်လည်ဆွေးနွေးဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်" ဟု ဘာလင်မြို့တွင် ကျင်းပသည့် 'Coalition of the Willing' ထိပ်သီးအစည်းအဝေးအပြီးတွင် သမ္မတမက်ခရွန်က ပြောကြားခဲ့သည်။
ရုရှား၏ ကာလရှည်ကြာ ကန့်ကွက်မှုများနှင့် ရုရှား၏ စစ်ပွဲဆက်လက်ဖြစ်ပွားနေစဉ်အတွင်းယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံရန် အနောက်အုပ်စု မဟာမိတ်အချို့၏ တွန့်ဆုတ်နေမှုများ ရှိနေသော်လည်း၊ ၎င်း၏ မှတ်ချက်စကားများသည် ယူကရိန်း၏ နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ရေးကို ညှိနှိုင်းဆွေးနွေးမှု အစီအစဉ်တွင် ပြန်လည်ထည့်သွင်းရန် အသစ်တစ်ဖန် တွန်းအားပေးလိုက်ခြင်းဖြစ်သည်။ ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်လာနိုင်ခြေကို ယခင်က မတူညီသော အခြေအနေများအောက်တွင် ဘေးဖယ်ထားခဲ့သော်လည်း လက်ရှိအချိန်တွင် ဥရောပ၏ လုံခြုံရေးပတ်ဝန်းကျင် အခြေအနေမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း မက်ခရွန်က ထောက်ပြပြောဆိုခဲ့သည်။
ရုရှား၏တိုက်ခိုက်မှုကို နှစ်ပေါင်းများစွာ တိုက်ခိုက်ရင်း အင်အားတောင့်တင်းလာကာအနောက်အုပ်စု များ၏ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် စစ်ပွဲအတွေ့အကြုံရင့် ယူကရိန်းစစ်တပ်ကို ယခုအခါ ဥရောပလုံခြုံရေးအတွက် အဖိုးတန် အင်အားစုတစ်ခုအဖြစ် ရှုမြင်သင့်ကြောင်း ၎င်းက အကြံပြုခဲ့သည်။

"ကျွန်တော်တို့ရဲ့ ရေရှည်လုံခြုံရေးအတွက် ယူကရိန်းကို နေတိုး (NATO) အဖွဲ့ဝင် ဖြစ်စေတာဟာ ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်" ဟု သမ္မတမက်ခရွန်က ဆိုသည်။ ယူကရိန်း (သို့) ဥရောပကိုယ်စားလှယ်များ မပါဝင်ဘဲ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ကျင်းပသည့် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်တို့တွေ့ဆုံအပြီး နာရီပိုင်းအကြာတွင် မက်ခရွန်၏ ယခုမှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မူရင်းသတင်း — NP News