Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ်အား တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ် H.E Mr. Indra Mani Pandey အား ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၅)ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းဆိုင်ရာများ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေး လုပ်ငန်းစီမံချက်နှင့် ငါးလုပ်ငန်းနှင့်မွေးမြူရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စီမံချက်များ ဆောင်ရွက်နေမှု၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အမျိုးသား စားရေရိက္ခာဖူလုံရေး မဟာဗျူဟာများနှင့် မူဝါဒများ ချမှတ်ဖော်ဆောင်မှုဆိုင်ရာ အတွေ့အကြုံမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုအရ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News