
ဝါရှင်တန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သည် “အထိန်းအကွပ်မဲ့နေပြီ” ဟု အမေရိကန်သမ္မတ ထရမ့်က နိုဝင်ဘာ ၂၀ ရက်တွင် အိမ်ဖြူတော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသည် “အတုအယောင် အာဏာတစ်ရပ်ကိုသာ ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၎င်း၏ နောက်ကွယ်တွင် အမှန်တကယ် ခိုင်မာသော အင်အားဖြင့် ပံ့ပိုးထားမှု မရှိကြောင်း” ထရမ့်က ပြောကြားခဲ့သည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် “နိုင်ငံအသီးသီး၏ ထိပ်သီးခေါင်းဆောင်များကို ထင်သလို ဝင်ရောက်စွက်ဖက် ဖမ်းဆီးနိုင်သည်၊ အကြောင်းပြချက်မရှိဘဲပင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်ဟု မိမိကိုယ်ကို ထင်မှတ်နေကြကြောင်း” ၎င်းက မကျေမနပ် ပြောဆိုခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် တည်ရှိသည်။ ယခုနှစ် ဩဂုတ်လတွင် အမေရိကန်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ဥက္ကဋ္ဌဖြစ်သူ ဂျပန်နိုင်ငံသူ တိုမိုကို အာကာနဲအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း ကြေညာခဲ့သည်။
ယခုနှစ် အောက်တိုဘာလတွင်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း ကြေညာခဲ့ပြီး “ထရမ့်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက အမေရိကန် နိုင်ငံသားများကို တရားစွဲဆိုတာကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံဘက်မှ အဆိုပါ တရားရုံးနှင့် ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ပြီး “၎င်း၏ အရင်းအမြစ်များကို ဖြတ်တောက်ကာ လုပ်ငန်းလည်ပတ်နိုင်စွမ်းကို ပြိုလဲရပ်တန့်သွားစေမည် ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း အမေရိကန်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် အမေရိကန် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးခြင်းနှင့် အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းတို့အပေါ် ဖမ်းဝရမ်း ထုတ်ပြန်ခြင်းတို့ကို အကြောင်းပြကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှ တရားသူကြီးများနှင့် အစိုးရရှေ့နေများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း အကြိမ်ကြိမ် ကြေညာခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
特朗普说国际刑事法院“失控”
新华社华盛顿11月20日电 美国总统特朗普20日在白宫举行的新闻发布会上说,国际刑事法院已经“失控”。
特朗普说,国际刑事法院“所拥有的不过是一种虚假的权力,其背后并无真正的实力支撑”。他还抱怨国际刑事法院自认为“可以随意介入并逮捕各国元首,甚至可以毫无理由地采取行动”。
国际刑事法院位于荷兰海牙。今年8月,美国宣布对国际刑事法院院长、日本籍的赤根智子实施制裁。今年10月,美国国务卿鲁比奥发表声明,宣布对国际刑事法院实施制裁,称“特朗普绝不允许国际刑事法院起诉美国人”,美方将禁止与该法院进行交易,“切断其资源,并使其运作能力陷入瘫痪”。
近年来,美方以国际刑事法院调查美方人员以及对以色列总理和前防长发出逮捕令为由,多次宣布制裁国际刑事法院法官和检察官。(完)
图说:11月19日,亚太经合组织第三十三次领导人非正式会议在深圳国际交流中心举行。 这是美国总统特朗普步入深圳国际交流中心。 新华社记者 高洁 摄