Xinhua Myanmar

ဂျပန်အနေဖြင့် ထိုင်ဝမ်အရေးတွင် မှားယွင်းသော ပြောဆိုလုပ်ဆောင်ချက်ကို အမြန်ဆုံး ပြုပြင်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်-ဂျပန် နိုင်ငံရေး စာရွက်စာတမ်းလေးစောင်ကို စောင့်ထိန်းခြင်းသည် ဂျပန်အနေဖြင့် မဖြစ်မနေ ထမ်းဆောင်ရမည့် နိုင်ငံရေးတာဝန်နှင့် ဥပဒေဆိုင်ရာတာဝန်ဝတ္တရား ဖြစ်ပြီး သဘောထားထုတ်ဖော်ချက်တွင်သာမက လုပ်ဆောင်ချက်တွင်ပါ အကောင်အထည်ဖော်သင့်သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နိုဝင်ဘာ ၂၀ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်ဘက်အနေဖြင့် လက်ရှိအရေးတကြီးလုပ်ဆောင်ရန်မှာ ထိုင်ဝမ်အရေးတွင် မှားယွင်းသည့်ပြောဆိုလုပ်ဆောင်ချက်ကို အမြန်ဆုံး ပြုပြင်ခြင်း ဖြစ်ကြောင်း၊  အရေးကြီးသည်မှာ သမိုင်းအရေးကိစ္စအပေါ် မှန်ကန်သော သဘောထားကို ခံယူရန်၊ အခြေခံအကျဆုံးအချက်မှာ တရုတ်နိုင်ငံအပေါ် ထားရှိသည့်သဘောထားအမြင်သည် အမှန်တကယ်ဓမ္မဓိဋ္ဌာန်ကျ၍ ဆင်ခြင်တုံတရားရှိရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

..........................

(Chinese Version)

外交部:日方应在台湾问题上尽快纠正错误言行

新华社北京11月20日电(记者万倩仪、伍岳)外交部发言人郭嘉昆20日在例行记者会上表示,恪守中日四个政治文件是日方必须履行的政治责任和法律义务,不仅应体现在表态上,更要落实到行动上。

对日方而言,当前紧迫的是在台湾问题上尽快纠正错误言行,重要的是在历史问题上采取正确态度,根本的是在对华认知上真正做到客观理性。(完)

မူရင်းသတင်း — Xinhua Myanmar