Eleven Media Group

■ ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှုသည် ICJ ၏ ဆုံးဖြတ်ချက်နှင့် ကွဲလွဲခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရေးမူဝါဒသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်နှင့် ကွဲလွဲခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ခက်ကော်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ICJ က မြန်မာနိုင်ငံသည် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) များကို လူမျိုးတုံးသတ်မှု ကျူးလွန်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။

ပြည်ပမှ ပြန်လာပြီးနောက် ဒွန်မောင်းလေဆိပ်ရှိ တော်ဝင်ထိုင်းလေတပ်၏ Wing 6 military terminal တွင် ဆီဟာဆက်က ရခိုင်ပြည်နယ်၌ စစ်တပ်၏ ၂၀၁၇ ဖြိုခွင်းမှုသည် လူမျိုးတုံးသတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၁၉ ရက်တွင် ICJ က ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့တရားရုံးတို့အကြား တိုက်ရိုက်အားဖြင့် တရားရေးကိစ္စဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သို့သော် ယင်းသို့ချမှတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်အခြေအနေများကို ဘန်ကောက်က အနီးကပ်စောင့်ကြည့်သွားမည်ဟု ဆိုသည်။

ထိုင်း၏ မြန်မာနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုသည် အာဆီယံဘုံသဘောတူညီချက်အတိုင်းဖြစ်ပြီး အာဆီယံအဖွဲ့ထဲသို့ နောက်ဆုံး မြန်မာပြန်လာရေးအတွက် လမ်းပွင့်သွားစေရန်အလို့ငှာ အကြမ်းဖက်မှုလျှော့ချရန်၊ အပြန်အလှန်ဆွေးနွေးမှုကို အားပေးရန်၊ ပြိုင်ဘက်အုပ်စုများအကြား ရင်ကြားစေ့ရေးကို အားပေးရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်းကို တိုးချဲ့ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“ဒီလုပ်ငန်းစဉ်ကနေ ကျွန်တော်တို့ တောင်းဆိုနေတာကတော့ အကြမ်းဖက်မှုလျော့ကျသွားရေး၊ နောက်ဆုံးမှာ အကြမ်းဖက်မှု လုံးဝရပ်သွားရေး၊ သက်ဆိုင်ရာအုပ်စုချင်း ပြန်လည်ရင်ကြားစေ့ရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် လမ်းပွင့်သွားရေးတို့ဖြစ်နေတာကြောင့် မြန်မာနိုင်ငံနဲ့ပြန်လည် ထိတွေ့ဆက်ဆံတာဟာ အပြုသဘောဆောင်နေပါတယ် ”ဟု ဆီယာဆက်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ဘင်္ဂါလီဒုက္ခသည်များအတွက် နှစ်စဉ် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ တစ်သန်းကျော် ပံ့ပိုးပေးနေသည်ဟု သူက ဖြည့်စွက်ပြောခဲ့ပြီး ဘန်ကောက်၏ ချဉ်းကပ်နည်းသည် ICJ စီရင်ချက်နှင့် အပြည့်အဝ ကိုက်ညီမှုရှိနေသည်ဟု ဆိုသည်။

Ref: Thai PBS World

မူရင်းသတင်း — Eleven Media Group