
ဆန်းကျန့်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၉ ရက်က ဆန်းကျန့်မြို့၌ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး “သင်္ဘောကြီး” ကို အနာဂတ်ဆီသို့ လမ်းကြောင်းမှန်အတိုင်း ပဲ့ကိုင်မောင်းနှင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထရမ့်သည် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ရှီက တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်၍ အပြုသဘောဆောင်သော လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းလျက်ရှိကာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့သလို ကမ္ဘာကြီးကိုလည်း တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ဖြည့်တင်းပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
မိမိနှင့် သမ္မတ ထရမ့်တို့သည် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် မှန်ကန်သော လမ်းကြောင်းကို အတူတကွ ရှာဖွေဖော်ထုတ်ခဲ့ကာ အပြုသဘောဆောင်၍ မဟာဗျူဟာ တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး မျှော်မှန်းချက်ပုံစံသစ်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပြီး အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနှင့် အပြန်အလှန် အကျိုးပြုမှုတို့အပေါ် အခြေခံ၍ ယင်းဆက်ဆံရေးကို အနှစ်သာရအသစ် ဖွင့်ဆိုပေးခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
အဆိုပါ မျှော်မှန်းချက်ပုံစံသစ်ကို တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံပြည်သူများသာမက နိုင်ငံတကာ အသိုက်အဝန်းကပါ ကြိုဆိုခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ခြင်းမှာ ယခင်က မကြုံဖူးသေးသည့် ရှေ့ဆောင်လမ်းပြ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ရှီက အလေးပေးပြောကြားခဲ့ပြီး လက်ရှိ အပြုသဘောဆောင်သည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အဓိကသော့ချက်မှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးရရှိထားသည့် ဘုံသဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်၍ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသော တရုတ်-အမေရိကန်ဆက်ဆံရေး တည်ဆောက်ရန် လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲရန် သဘောတူခဲ့ကြသည်။
နှစ်ဖက်စလုံးအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆက်သွယ်မှုများကို ခိုင်မာအားကောင်းစေရန်၊ ကိုယ်စီ၏ စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းကြရန်နှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန်လည်း ရှီက တိုက်တွန်းခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများမှ အပြုသဘောဆောင်သည့် ရလဒ်များ ရရှိခဲ့ကြောင်း ရှီက ပြောကြားခဲ့သလို ထိုပူးပေါင်းဆောင်ရွက်မှုများကိုလည်း လေးစားမှု၊ တရားမျှတမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုအပေါ် အခြေခံ၍ တစ်ဆင့်တိုး ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261119/fd713c09e7d24308889e9699c838c187/c.html



……….
(English Version)
China Focus: Xi meets Trump, calling for continued efforts to steer China-U.S. relations on right course
SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping met with U.S. President Donald Trump on Thursday in Shenzhen, calling for continued efforts to jointly steer the giant ship of China-U.S. relations in the right direction toward the future.
Trump is in the southern Chinese city for the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting on Nov. 18-19.
During the meeting, Xi said that China-U.S. relations have generally maintained a stable and positive trajectory, bringing tangible benefits to people of both countries and injecting stability and certainty into the world.
Xi said that he and Trump had jointly explored the right way for China and the United States, as two major countries, to get along, established a new vision to build a constructive China-U.S. relationship of strategic stability, and given it new substance grounded in respect, fairness and reciprocity.
The new vision has been welcomed by the people of both China and the United States, as well as the international community, he added.
Xi stressed that building a constructive China-U.S. relationship of strategic stability is an unprecedented and pioneering endeavor, adding that the key to sustaining the current positive momentum lies in taking concrete action to implement the consensus reached by the two heads of state.
The two sides agreed to map out an action plan for building a constructive China-U.S. relationship of strategic stability.
Xi called on the two sides to strengthen communication on economic and trade matters, address each other's concerns, and work toward mutual benefit.
The cooperation between the two countries on counternarcotics, repatriation of illegal immigrants, and combating telecommunications and online fraud has yielded positive results, Xi said, adding that it can be further deepened based on respect, fairness, and reciprocity.
https://english.news.cn/20261119/fd713c09e7d24308889e9699c838c187/c.html
Photo caption 1, 2, 3, 4: Chinese President Xi Jinping meets with U.S. President Donald Trump, who is in China for the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting, in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Yan Yan)