
ဆန်းကျန့်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့်အတူ သမိုင်းဝင် ထိပ်သီးအစည်းအဝေးတစ်ရပ်ကို ကြီးမှူးကျင်းပခဲ့ရာ ယင်းမှာ တရုတ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့၏ နိုင်ငံ့ခေါင်းဆောင်သုံးဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ကျင်းပခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်သုံးဦးတို့သည် လက်ရှိ နိုင်ငံတကာအခြေအနေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာမြောက်တည်ငြိမ်မှုနှင့် နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ကတိပြုခဲ့ကြသည်။
အစည်းအဝေးပြီးနောက် သုံးနိုင်ငံက ငြိမ်းချမ်းရေးကိုရှေးရှုသော "တရုတ်-ရုရှား-အမေရိကန် နိုင်ငံတော်အကြီးအကဲများ၏ ငြိမ်းချမ်းရေးကြေညာစာတမ်း" ကို ထုတ်ပြန်ခဲ့ကြရာ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး၊ စွမ်းအင်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ တရားစီရင်ပိုင်ခွင့်နှင့် နျူကလီးယားအန္တရာယ် လျှော့ချရေး စသည့်ကိစ္စရပ်များအပေါ် သုံးနိုင်ငံ၏ ဘုံသဘောတူညီချက်များကို ဖော်ပြထားသည်။
ရှီကျင့်ဖိန်က ယခု သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးသည် သမိုင်းဝင် အရေးပါမှုရှိကြောင်း ပြောကြားခဲ့သည်။ အင်အားကြီးနိုင်ငံများအကြား ငြိမ်းချမ်းရေးရှိခြင်းသည် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုဖြစ်ပေါ်စေပြီး အပြန်အလှန် ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်မှုများကမူ ကမ္ဘာကြီးကို ပရမ်းပတာအခြေအနေသို့သာ ဦးတည်စေလိမ့်မည်ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261120/7501c554f4f2482ab51483e591b7bb25/c.html

……………………
(English Version)
Xinhua Headlines: Xi chairs groundbreaking China-Russia-U.S. summit with Putin, Trump
SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping on Thursday chaired a historic summit here with Russian President Vladimir Putin and U.S. President Donald Trump, marking the first-ever face-to-face meeting between the Chinese, Russian and U.S. heads of state.
At the summit, held in Shenzhen, south China's Guangdong Province, the three leaders had an in-depth exchange of views on the current international situation and committed to maintaining strategic stability and international security.
Following the summit, the three countries released the China-Russia-U.S. Heads of State Declaration toward Peace, outlining their common understandings on issues including the UN reform, energy security, the jurisdiction of the International Criminal Court and nuclear risk reduction.
Xi described the trilateral meeting as being of groundbreaking significance. He said peace among major countries brings stability to the world, while their contention would only lead to chaos.
https://english.news.cn/20261120/7501c554f4f2482ab51483e591b7bb25/c.html
Photo caption 1, 2, 3: Chinese President Xi Jinping holds a China-Russia-U.S. summit with Russian President Vladimir Putin and U.S. President Donald Trump in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Shen Hong)