
ကိဗ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) ၏ ယူကရိန်းထောက်ပံ့ရေးအစီအစဉ်အရ ယူရို ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၇၉ ဘီလီယံ) နီးပါး ရရှိထားသည်ဟု ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Sergii Koretskyi က နိုဝင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
"ဒါဟာ ဒီအစီအစဉ်သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းငွေလုံးငွေရင်းနဲ့ရရှိတဲ့အထဲမှာ အကြီးမားဆုံးပမာဏပါ။ ဒီရန်ပုံငွေတွေကို နိုင်ငံတော် ဘတ်ဂျက်ထဲကို ထည့်သွင်းပြီးဖြစ်ပါတယ်။ ဒီရန်ပုံငွေတွေက စစ်ပွဲဖြစ်ပွားနေချိန်မှာ ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ နိုင်ငံတော်ရဲ့ ဦးစားပေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အလွန်အရေးပါတဲ့ အထောက်အပံ့ဖြစ်ပါတယ်" ဟု Koretskyi က Telegram တွင် ရေးသားဖော်ပြထားသည်။
ယခုရရှိသည့် ငွေပမာဏအပါအဝင် ယခုနှစ်အတွင်း ယူကရိန်းအထောက်အကူပြုအစီအစဉ်မှတစ်ဆင့် ယူကရိန်းနိုင်ငံအနေဖြင့် စုစုပေါင်း ယူရို ၁၃.၅၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၉၁ ဘီလီယံ) ရရှိထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းထောက်ပံ့ရေးအစီအစဉ်သည် ၂၀၂၄ ခုနှစ် မတ်တွင် စတင်အသက်ဝင်ခဲ့သည်။ ၎င်းအစီအစဉ်အရ ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ယူရို ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၄.၉၅ ဘီလီယံ) အထိ ငွေကြေးထောက်ပံ့မှုများ ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
Ukraine receives nearly 8 bln euros from EU
KIEV, Nov. 20 (Xinhua) -- Ukraine has received nearly 8 billion euros (8.79 billion U.S. dollars) from the European Union (EU) under the Ukraine Facility instrument, Ukrainian Prime Minister Sergii Koretskyi said on Friday.
"This is the largest single tranche in the history of the program. The funds have already been credited to the state budget. They provide vital support for maintaining financial stability and meeting the state's priority needs amid the full-scale war," Koretskyi wrote on Telegram.
Including this disbursement, Ukraine has received 13.57 billion euros (14.91 billion dollars) under the Ukraine Facility instrument this year, he said.
The Ukraine Facility entered into force in March 2024. It foresees up to 50 billion euros (54.95 billion dollars) of financial support for 2024-2027. ■
Photo caption: Flags of European Union (EU) and Ukraine are seen at the EU headquarters in Brussels, Belgium, Feb. 24, 2025. (Xinhua/Zhao Dingzhe)