
တူရင်၊ အီတလီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
နိုဝင်ဘာလ ၁၉ ရက်က ကျင်းပသည့် ATP Finals ပြိုင်ပွဲ၏ အုပ်စုပတ်လည်ပွဲစဉ်များတွင် ဆီဒင် ၁ ဂျာမနီတင်းနစ်ကစားသမား အလက်ဇန္ဒား ဇဗာရက်ဗ်သည် ပြင်သစ်တင်းနစ်ကစားသမား အာသာ ဖေးလ်စ်ကို အနိုင်ယူပြီး ရှုံးပွဲမရှိ ဆက်လက်ရပ်တည်နေသကဲ့သို့ အမေရိကန်တင်းနစ်ကစားသမား ဘန်ရှယ်လ်တန်သည် စပိန်တင်းနစ်ကစားသမား ရာဖေးလ်ဂျိုဒါကို အနိုင်ယူပြီး ပထမဆုံးအကြိမ် နောက်ဆုံး ၄ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ကမ္ဘာ့အဆင့် ၁ ဇဗာရက်ဗ်သည် အုပ်စုအဖွင့်ပွဲ ၂ ပွဲစလုံးကို အနိုင်ရရှိထားပြီးဖြစ်၍ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ကို ရရှိထားပြီးဖြစ်သော်လည်း ၎င်း၏ အကောင်းဆုံးလက်စွမ်းကို ဆက်လက်ထိန်းသိမ်းကာ ဖေးလ်စ်ကို ၆-၄၊ ၇-၆(၆) ဖြင့် အနိုင်ရရှိခဲ့သည်။
"ပထမပွဲ ၂ ပွဲကတော့ အဆင့်အတန်းအလွန်မြင့်မားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ နောက်ခံစည်းက ကစားအချိန်မှာ အနည်းငယ်အားနည်းခဲ့တယ်လို့ ခံစားရပေမဲ့ အလွန်ခက်ခဲတဲ့ ပြိုင်ဘက် ၃ ဦးစလုံးနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ရွှင်ပါတယ်။ အာသာရဲ့ ရိုက်ချက်တွေက ပြင်းထန်လို့ သူက ကျွန်တော့်အတွက် အလွန်ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂ ပွဲပြတ်နဲ့ ကျော်ဖြတ်နိုင်ခဲ့လို့ ကျွန်တော် ဝမ်းသာပါတယ်" ဟု ဇဗာရက်ဗ်က ပွဲစဉ်ကို ပြန်လည်သုံးသပ်ခဲ့သည်။
ဆီဒင် ၃ ရှယ်လ်တန်သည် ဂျိုဒါနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် ၇-၆(၈)၊ ၇-၅ ဖြင့် အနိုင်ရရှိပြီး အုပ်စုအတွင်း ၂ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ဖြင့် ဒုတိယနေရာမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
"တကယ့်ကို ခက်ခဲခဲ့ပါတယ်။ ရာဖာက တကယ်တော်တဲ့ ကစားသမားတစ်ဦးပါ။ သူ့မှာ အားသာချက်အများကြီးရှိပြီး ပြိုင်ဆိုင်လိုစိတ်လည်း ပြင်းထန်ပါတယ်။ ဒီပွဲစဉ်ဟာ လွယ်ကူမှာ မဟုတ်ဘူးလို့ ကျွန်တော်ကြိုတင် သိရှိပြီးသားဖြစ်ပြီး ပထမပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော်အကောင်းဆုံးကြိုးစားပြီး ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့တာပါ" ဟု ရှယ်လ်တန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်တွင် တစ်ဦးချင်းပြိုင်ပွဲ၏ နောက်ထပ်အုပ်စုတတိယပွဲစဉ်များကို ကျင်းပသွားမည်ဖြစ်ရာ ဆီဒင် ၂ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်သည် အီတလီတင်းနစ်ကစားသမား ဖလာဗီယို ကိုဘိုလီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ရုရှားတင်းနစ်ကစားသမား ဒန်နီလ်မက်ဗီဒက်ဗ်သည် အမေရိကန်တင်းနစ်ကစားသမား ဖရန်ဆက် တီယာဖိုးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
နှစ်ယောက်တွဲပြိုင်ပွဲတွင် အယ်လ်ဆာဗေးဒိုးမှ မာဆယ်လို အာရီဗာလိုနှင့် ခရိုအေးရှားမှ မာတေးပါဗစ်တို့သည် ပြင်သစ်အတွဲဖြစ်သည့် သီယိုအာရီဘေ့ဂျ်၊ အယ်လ်ဘာနို အိုလီဗက်တီတို့နှင့်အတူ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
(Xinhua)
…………………
(English version)
Zverev remains unbeaten, Shelton reaches last 4 for first time at ATP Finals
TURIN, Italy, Nov. 20 (Xinhua) -- Top seed Alexander Zverev of Germany defeated France's Arthur Fils to remain unbeaten, while American Ben Shelton reached the last four for the first time after beating Spain's Rafael Jodar in the round-robin group stage of the ATP Finals on Thursday.
After winning his first two group matches, world No. 1 Zverev had already secured a semifinal berth, and the German maintained his momentum to beat Fils 6-4, 7-6 (6).
"I thought the first two matches were very high level," Zverev reflected. "Today I thought I played a little bit worse from the baseline, but I'm very happy to have won all three matches, against three very difficult opponents. Arthur for me personally is a very difficult opponent because of how much power he has, but I'm happy to be through in straight sets.
"Against Jodar, third seed Shelton emerged victorious 7-6 (8), 7-5, advancing to the knockout stage as the runner-up in his group with two wins and one loss.
"It was really tough. Rafa is a great player. So many weapons and such a great competitor as well. I knew it wasn't going to be an easy match going in, and I was happy to get through some tough moments in the first set," Shelton said afterwards. "I think I fought well and competed well.
"Another singles group's third-round matches will be staged on Friday, with second seed Carlos Alcaraz of Spain facing Italy's Flavio Cobolli, and Russia's Daniil Medvedev taking on American Frances Tiafoe.
In doubles, Marcelo Arevalo of El Salvador and Croatia's Mate Pavic reached the semifinals, along with French pair Theo Arribage and Albano Olivetti. ■
Photo caption: Alexander Zverev poses with the trophy after the men's singles final match between Alexander Zverev of Germany and Ugo Humbert of France at Paris ATP Masters 1000 tennis tournament in Paris, France, Nov. 3, 2024. Alexander Zverev claimed the title. (Xinhua/Gao Jing)