Xinhua Myanmar

ATP Finals ဆီမီးဖိုင်နယ်တွင် မက်ဗက်ဒက်က ဇဗာရက်ဖ်နှင့် တွေ့ဆုံမည်၊ အယ်လ်ကာရက်ဇ်က ရှဲလ်တန်နှင့် ယှဉ်ပြိုင်မည်

အီတလီနိုင်ငံ တူရင်မြို့၌ ကျင်းပသည့် ATP Finals တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း အုပ်စုပတ်လည်ပွဲစဉ်တွင် ရုရှားနိုင်ငံမှ ဒန်နီယယ် မက်ဗက်ဒက်ဗ်က အမေရိကန်နိုင်ငံမှ ဖရန်ဆက်စ် တီယာဖိုး၏ ရိုက်ချက်ကို ပြန်လည်ရိုက်နေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရင်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ATP ချန်ပီယံဟောင်း ဒန်နီယယ် မက်ဗက်ဒက်သည် နိုဝင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် ATP Finals ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၈ ဖရန်ဆက်စ် တီယာဖိုးကို ၆-၃၊ ၆-၄ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး ထိပ်ဆုံးအဆင့် သတ်မှတ်ခံထားရသူ အလက်ဇန္ဒား ဇဗာရက်ဖ် နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည် ဖြစ်သည်။

တီယာဖိုးသည် အမှတ် ၉ ပွဲစဉ်တွင် ဘရိတ်ပွိုင့် သုံးကြိမ်ကို ကယ်တင်နိုင်ခဲ့ပြီး ပြင်းထန်သော လက်သင့်ရိုက်ချက် နှစ်ချက်နှင့် မထင်မှတ်သောပိုက်နားချတစ်ချက်ဖြင့် ကွင်းကို ဖွင့်ကစားနိုင်ခဲ့သော်လည်း အချိန်ကိုက်မမှန်သည့် လက်ပြန်ရိုက်ချက်မှာ အပြင်ဘက်သို့ လွင့်ထွက်သွားခဲ့သဖြင့် စပေးဘောရမှတ်ကို မထိန်းနိုင်တော့ဘဲ မက်ဗက်ဒက်က အဆုံးအဖြတ် ဘရိတ်ကို ရရှိသွားခဲ့သည်။

“Finals ပြိုင်ပွဲက သိပ်ကိုကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဘယ်လိုပဲ ပြီးဆုံးသည်ဖြစ်စေ ရာသီကုန်မှာ အနားယူခွင့်ရတာကြောင့် ကောင်းပါတယ်။ ဒီမှာ အကောင်းမြင်စရာတွေပဲ ရှိပါတယ်။ ကွင်းထဲဝင်ရင် အမြဲတမ်း အနိုင်ရဖို့ ကြိုးစားတိုက်ပွဲဝင်ပြီး ဒီနေ့လည်း ကောင်းကောင်း တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်” ဟု မက်ဗက်ဒက်က ပြောကြားခဲ့သည်။

ထို့နောက် အုပ်စုခေါင်းဆောင် ကားလို့စ် အယ်လ်ကာရက်ဇ်က အိမ်ရှင်ပရိသတ်များ၏ အားပေးမှုရရှိနေသည့် ဖလားဗီယို ကိုဘိုလီကို ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး အရည်အသွေးမြင့် အနိုင်ရဘောလုံးများကို ဆက်တိုက်ရိုက်ပြနိုင်ခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်က မက်ဗက်ဒက်ကို အနိုင်ရပြီးနောက် ဘယ်ဘက်အပေါ်ပိုင်း ပေါင်တွင် မအီမသာဖြစ်မှုအချို့ ရှိခဲ့ကြောင်း အယ်လ်ကာရက်ဇ်က ပြောထားသော်လည်း ကမ္ဘာ့အဆင့် ၃ နေရာမှ အယ်လ်ကာရက်ဇ်သည် ၆၅ မိနစ်ကြာ ပွဲစဉ်တွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အခက်အခဲရှိသည့် လက္ခဏာတစ်စုံတစ်ရာ မပြဘဲ လွှမ်းမိုးကစားနိုင်ခဲ့သည်။ ၎င်းသည် ဘရိတ်ပွိုင့် အခွင့်အရေး ၉ ကြိမ်အနက် ၄ ကြိမ်ကို အသုံးချနိုင်ခဲ့ပြီး မိမိ၏ စပေးဘောရမှတ်ကို ဘရိတ်ခံရမည့် အခွင့်အရေး တစ်ကြိမ်မျှ မပေးခဲ့ပေ။

“သူက ကွင်းပြင်ပမှာလည်း ကစားသမားကောင်းတစ်ဦးနဲ့ လူကောင်းတစ်ဦးပါ။ ကျွန်တော်က တတ်နိုင်သမျှ အားပြင်းပြင်းနဲ့ ကစားပြီး ဘောလုံးကိုလည်း တတ်နိုင်သမျှ အားပြင်းပြင်း ရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနေ့ ကွင်းထဲမှာ ကျွန်တော်ခံစားရတဲ့ အခြေအနေက မယုံနိုင်လောက်အောင် ကောင်းပါတယ်။ ပွဲစဉ်ကစားပြီးတိုင်း ယုံကြည်မှုပိုရလာပြီး ဒီအတိုင်း ဆက်လက်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အယ်လ်ကာရက်ဇ်က ပြောကြားခဲ့သည်။

အဆိုပါအနိုင်ရလဒ်ကြောင့် ဒုတိယအဆင့်သတ်မှတ်ခံထားရသူ အယ်လ်ကာရက်ဇ်သည် အုပ်စုပတ်လည်ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး နိုဝင်ဘာ ၂၁ ရက် ဆီမီးဖိုင်နယ်တွင် တတိယအဆင့်သတ်မှတ်ခံထားရသူ ဘန် ရှဲလ်တန်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ၎င်းသည် ၎င်း၏ ပထမဆုံး ATP Finals ချန်ပီယံဆုကို ရယူရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ (Xinhua)

အီတလီနိုင်ငံ တူရင်မြို့၌ ကျင်းပသည့် ATP Finals တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း အုပ်စုပတ်လည်ပွဲစဉ်တွင် အမေရိကန်နိုင်ငံမှ ဖရန်ဆက်စ် တီယာဖိုးကို အနိုင်ရရှိပြီးနောက် ရုရှားနိုင်ငံမှ ဒန်နီယယ် မက်ဗက်ဒက်ဗ်က အောင်ပွဲခံနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(English Version)

Medvedev sets up Zverev, Alcaraz fights Shelton in semifinals at ATP Finals

TURIN, Italy, Nov.21 (Xinhua) -- Former ATP champion Daniil Medvedev reached the semifinals of the ATP Finals on Friday, defeating world No. 8 Frances Tiafoe 6-3, 6-4 in a winner-takes-all clash to set up a meeting with top seed Alexander Zverev.

Tiafoe saved three break points in the ninth game, landing two big forehands and opening the court with a drop shot, but could not hold serve when a mistimed backhand flew wide, handing Medvedev the decisive break.

"The Finals is a great tournament because whenever you finish it is great because you have some rest at the end of the season," Medvedev said. "Only positives here. When I am on court, always fighting to win, and I managed to fight well today."

Later, group leader Carlos Alcaraz produced a series of high-quality winners in a 6-4, 6-1 victory over home favorite Flavio Cobolli.

Although Alcaraz had reported some discomfort in his upper left leg after beating Medvedev on Wednesday, the world No. 3 showed no signs of physical trouble in a dominant 65-minute performance. He converted four of nine break-point opportunities and did not face a single break point.

"He is a great player and person off the court. I tried to play as aggressively as I can, hit the ball as hard as I can," Alcaraz said. "The way I felt on court today was incredible. I am getting more confident after every match, and hopefully I can keep it going."

The victory completed a perfect 3-0 round-robin campaign for second seed Alcaraz, who will meet third seed Ben Shelton in Saturday's semifinal as he chases his first ATP Finals title.

Photo Caption 1 :Daniil Medvedev hits a return during the men's singles round robin match between Daniil Medvedev of Russia and Frances Tiafoe of the United States at the ATP Finals tennis tournament in Turin, Italy, Nov. 20, 2026. (Xinhua/Li Jing)

Photo Caption 2 :Daniil Medvedev celebrates after winning the men's singles round robin match between Daniil Medvedev of Russia and Frances Tiafoe of the United States at the ATP Finals tennis tournament in Turin, Italy, Nov. 20, 2026. (Xinhua/Li Jing)

မူရင်းသတင်း — Xinhua Myanmar