
မက်ဒရစ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား သီဘိုကော်တွားသည် ရီးရဲလ်မက်ဒရစ်အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်ထပ်မံတိုးမြှင့်လိုက်သည်ဟု အဆိုပါကလပ်က နိုဝင်ဘာ ၂၀ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။
"ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သီဘိုကော်တွားတို့အကြား ကစားသမားရဲ့စာချုပ်သက်တမ်းကိုတိုးမြှင့်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ကြပါတယ်။ ဒီသဘောတူညီမှုအရ ကော်တွားဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၂၈ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်" ဟု ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏ကလပ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကွင်းလယ်ကစားသမားများဖြစ်သည့် အာဒါဂူလာနှင့် အော်ရီလီယန်ချူအာမန်နီတို့နှစ်ဦးစလုံး ရီးရဲလ်မက်ဒရစ်အသင်းနှင့် ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ကြသည့် သီတင်းတစ်ပတ်အတွင်းမှာပင် ကော်တွား၏ စာချုပ်သက်တမ်းတိုးမြှင့်မှုသတင်း ထွက်ပေါ်လာခြင်းဖြစ်ကာ ချူအာမန်နီကမူ နိုဝင်ဘာ ၁၉ ရက်က စာချုပ်သစ်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ကော်တွားသည် ဂျန့်ခ်၊ အက်သလက်တီကို မက်ဒရစ်၊ ချယ်ဆီးအသင်းများတွင်ကစားခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်အသင်းသို့ ၂၀၁၈ ခုနှစ်အတွင်းက ပြောင်းရွေ့ကစားခဲ့ခြင်းဖြစ်ကာ ဆန်တီယာဂိုဘာနေဗျူးတွင်ကစားခဲ့သည့် ၉ ရာသီအတွင်း စုစုပေါင်း ၃၄၈ ပွဲကစားပြီး ချန်ပီယံဆုဖလား ၁၄ လုံးရယူနိုင်ခဲ့သည်။ (Xinhua)
..........................................
(English version)
Belgian international Courtois extends stay at Real Madrid until 2028
MADRID, Nov. 20 (Xinhua)
Real Madrid announced on Friday that Belgian international goalkeeper Thibaut Courtois has signed a one-year contract extension.
"Real Madrid C.F. and Thibaut Courtois have agreed to extend our player's contract, which ties him to the club until June 30, 2028," the club announced on its website.
The news of Courtois' contract extension comes in the same week that midfielders Arda Guler and Aurelien Tchouameni also extended their stays at the club until 2032, with Tchouameni signing his new deal on Thursday.
Courtois, who has also played for Genk, Atletico Madrid and Chelsea, joined Real Madrid in 2018 and has made 348 appearances and won 14 titles in his nine seasons at the Santiago Bernabeu. ■
Photo caption: Real Madrid's Thibaut Courtois celebrates a scored goal during the La Liga football match between Real Madrid and Sevilla F.C. at Santiago Bernabeu stadium, in Madrid, Spain, on Oct. 18, 2026. (Photo by Gustavo Valiente/Xinhua)