
ဂျီနီဗာ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
သုတေသနလေ့လာမှုများအရ ဘော်လီဘောအားကစားနည်းအနေဖြင့် ယခုအခါ လူဦးရေ ၁.၂ ဘီလီယံထံသို့ ရောက်ရှိပြီဖြစ်ကာ ကမ္ဘာ့ဒုတိယ လူကြိုက်အများဆုံး အားကစားနည်းဖြစ်လာကြောင်း နိုင်ငံတကာ ဘော်လီဘော အဖွဲ့ချုပ် (FIVB) က နိုဝင်ဘာ ၂၀ ရက်၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၃၂ ခုနှစ် မဟာဗျူဟာမြောက် မျှော်မှန်းချက်အရ ၂၀၃၂ ခုနှစ်တွင် လူဦးရေ ၁.၆ ဘီလီယံအထိ ချိတ်ဆက်နိုင်ရန် ရည်မှန်းထားကြောင်း FIVB က ကမ္ဘာလုံးဆိုင်ရာ ပရိသတ်တိုင်းတာရေးနှင့် ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Nielsen ၏ သုတေသနအသစ်ကို ကိုးကား၍ ပြောကြားခဲ့သည်။
ဘော်လီဘောနှင့် သဲသောင်ပြင်ဘော်လီဘောတို့ကို ပေါင်းစပ်လိုက်ပါက ကမ္ဘာတစ်ဝန်းတွင် ဒုတိယမြောက် လူကြိုက်အများဆုံး အားကစားနည်းအဖြစ် ဘတ်စကက်ဘောနှင့်အတူ ပူးတွဲရပ်တည်နေပြီး ဘောလုံးအားကစားနည်းသာလျှင် ၎င်းတို့၏ ရှေ့တွင် ရှိနေကြောင်း ဒိုမီနီကန်သမ္မတနိုင်ငံ Punta Cana မြို့၌ ကျင်းပသည့် ၄၀ ကြိမ်မြောက် FIVB ကမ္ဘာ့ညီလာခံတွင် ထုတ်ဖော်ပြသခဲ့သော အဆိုပါလေ့လာမှုက တွေ့ရှိခဲ့သည်။
အဓိကဈေးကွက် ၂၁ ခုတွင် ဘော်လီဘောနှင့် ဆက်နွှယ်နေသူ လူဦးရေ သန်း ၈၀၀ ရှိကြောင်း Nielsen ၏ ၂၀၂၃ ခုနှစ် သုတေသနက တွေ့ရှိခဲ့ရာမှ ယခုအခါ ထိုဈေးကွက်များအတွင်း ၎င်းလူဦးရေမှာ တစ်ဘီလီယံကျော်လွန်သွားပြီဖြစ်သည်။ ယခုနောက်ဆုံးလေ့လာမှုတွင်မူ လေ့လာဆန်းစစ်သည့် ဈေးကွက်အရေအတွက်ကို ၄၂ ခုအထိ တိုးမြှင့်သတ်မှတ်ခဲ့ရာ စုစုပေါင်း လူဦးရေ ၁.၂ ဘီလီယံအထိ ရှိလာခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ရဲ့ ၂၀၃၂ ခုနှစ် မဟာဗျူဟာမြောက် မျှော်မှန်းချက်ကို စတင်မိတ်ဆက်ခဲ့တုန်းက ကမ္ဘာတစ်ဝန်းမှာ ဘော်လီဘောနဲ့ ဆက်နွှယ်နေသူ အရေအတွက်ကို နှစ်ဆတိုးမြှင့်ဖို့ ရည်မှန်းချက်ကြီးကြီးမားမား ထားရှိခဲ့ပါတယ်။ အခု နှစ်နှစ်အကြာမှာတင် ကျွန်တော်တို့ ဘယ်လောက်အထိ ထူးခြားကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိနေတယ်ဆိုတာကို ဒီရလဒ်တွေက ဖော်ပြနေပါတယ်" ဟု FIVB ဥက္ကဋ္ဌ Fabio Azevedo က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
FIVB: volleyball reaches 1.2 billion people
GENEVA, Nov. 20 (Xinhua) -- The International Volleyball Federation (FIVB) announced Friday that volleyball now reaches 1.2 billion people, making it the world's second-most popular sport according to research.
Citing new research from Nielsen, a global audience measurement and analytics company, the FIVB said it aims to connect 1.6 billion people by 2032 under its Strategic Vision 2032.
Unveiled at the 40th FIVB World Congress in Punta Cana, Dominican Republic, the study found that volleyball and beach volleyball combined are jointly the second-most popular sport globally alongside basketball, trailing only football.
Nielsen's 2023 research identified 800 million people connected to volleyball across 21 key markets; the updated figure across those same markets now exceeds one billion. The latest study expanded the sample to 42 markets, producing the 1.2 billion total.
FIVB President Fabio Azevedo said: "When we launched our Strategic Vision 2032, we set ourselves an ambitious goal to double the number of people connected to volleyball worldwide. Just two years later, these results show the incredible progress we are making." ■
Photo caption: Players of China celebrate during the match between Italy and China at the Women's Volleyball Nations League (VNL) 2026 in Hong Kong, south China, July 12, 2026. (Xinhua/Zhu Wei)