Xinhua Myanmar

ကမ္ဘာ့ကလေးများနေ့ - ဒုက္ခသည်ကလေးငယ်များ၏ ဇာတိမြေအဝေးနေရာမှ ဘောလုံးအိပ်မက် ဖော်ဆောင်နေမှု

.

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အရှေ့ပိုင်းရှိ ဘောလုံးကွင်းတစ်ကွင်းတွင် လေ့ကျင့်နေသည့် တောင်ဆူဒန် ဒုက္ခသည်ကလေးငယ်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၀ ရက်သည် ကမ္ဘာ့ကလေးများနေ့ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က Boulos Lam သည် တောင်ဆူဒန်နိုင်ငံ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာပြီး အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုသို့ ရောက်ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ၎င်းနှင့် မိတ်ဆွေဖြစ်သူတို့သည် ထိုနေရာတွင် “အနာဂတ်အားကစားသင်တန်းကျောင်း” ဖွင့်လှစ်ခဲ့ပြီး တောင်ဆူဒန်မှ ဒုက္ခသည်ကလေးငယ်များအတွက် အားကစားလှုပ်ရှားရန်နှင့် လူမှုဖလှယ်ရန် နေရာတစ်ခု ပံ့ပိုးပေးရန် မျှော်လင့်လျက်ရှိသည်။

အဆိုပါ သင်တန်းကျောင်းတွင် ပံ့ပိုးသူမရှိသလို ပုံမှန်အရင်းအနှီးငွေ ထောက်ပံ့မှုလည်းမရှိပေ။ ဤနေရာတွင် လေ့ကျင့်မှုလုပ်ဆောင်ရသည့် အသက် ၅ နှစ်မှ ၁၆ နှစ်အရွယ် သင်တန်းသား၊ သင်တန်းသူ ၆၂ ဦးသည် လစဉ် နေရာငှားရမ်းခတွင် အသုံးပြုရန်အတွက် အီဂျစ်ပေါင် ၂၅ ပေါင် (တရုတ်ယွမ် ၃ ယွမ်ခန့်) ပေးဆောင်ရသည်။ ဤနေရာတွင် နည်းပြ ၅ ဦးရှိပြီး ၎င်းအနက် ၄ ဦးသည် တောင်ဆူဒန်မှ ဖြစ်ကာ တစ်ဦးမှာ ဆူဒန်မှဖြစ်သည်။ ၎င်းတို့သည် အခမဲ့နည်းပြသင်ကြားပေးသည့် တစ်ချိန်တည်းတွင် အသက်မွေးဝမ်းကျောင်းမှုအတွက် အခြားအလုပ်အကိုင်လည်း လုပ်ကိုင်ရသည်။

အသက် ၃၄ နှစ်အရွယ် Boulos Lam က အဓိကနည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အားကစားလှုပ်ရှားမှုသည် နေရပ်စွန့်ခွာသောကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုသလို ၎င်းတို့က မူလနေထိုင်ရာပတ်ဝန်းကျင်မှ ထွက်ခွာလာရန်၊ အီဂျစ်နိုင်ငံ အခြားမတူညီသော လူမှုအသိုက်အဝန်းနှင့် ထိတွေ့ရန် အခွင့်အရေး ဖန်တီးပေးလိုက်ကြောင်း၊ ထိုသို့အားဖြင့် ၎င်းတို့ကို ဒေသတွင်းလူမှုအသိုက်အဝန်းနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်စေရန် ကူညီပေးပြီး တန်းတူညီမျှ ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိစေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

世界儿童日:难民儿童的异乡足球梦

新华社照片,开罗,2026年11月20日

11月20日是世界儿童日。十几年前,布洛斯·拉姆因南苏丹冲突逃离家园辗转来到埃及首都开罗。2020年6月,他和友人在这里创办了“未来体育学院”,希望能为来自南苏丹的难民儿童提供一处运动兼社交场所。

学院没有赞助商,也没有固定资金支持,在这里参加训练的62名5至16岁学员每月需缴纳25埃及镑(约合3元人民币)用于场地租赁。这里有5名教练,其中4人来自南苏丹,1人来自苏丹。他们在无偿执教的同时,还要从事其他工作维持生计。

34岁的布洛斯·拉姆兼任主教练,他说,体育运动有助于改善流离失所儿童的心理状态,也为他们走出原有生活圈、接触埃及不同地区社区创造机会,帮助他们更好融入当地社会,获得公平竞争机会。

图说1:11月17日,南苏丹难民儿童在埃及开罗东部的一处足球场上训练。 新华社发(艾哈迈德·戈马摄)

图说2:11月17日,南苏丹难民儿童在埃及开罗东部的一处足球场上玩耍。新华社发(艾哈迈德·戈马摄)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အရှေ့ပိုင်းရှိ ဘောလုံးကွင်းတစ်ကွင်းတွင် ဆော့ကစားနေသည့် တောင်ဆူဒန် ဒုက္ခသည်ကလေးငယ်များကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar