MT News
၂၂. ၁၁. ၂၀၂၆
အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးပြီး အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော် – ဝန်းသို – ကောလင်း – ကျွန်းလှ ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် – ကျောက်တန်း – စပ္ပါယ်နံသာ လမ်းကြောင်းများ အနီးတစ်ဝိုက် ခိုအောင်းနေထိုင်ပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ရဲဝံ့စွန့်စားစွာ လိုက်လံ ချေမှုန်းတိုက်ထုတ်လျက်ရှိရာ အင်းတော် – ဝန်းသို – ကောလင်း – ကျွန်းလှ – ကန့်ဘလူ လမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် မြို့/ ရွာ/ လမ်းကြောင်းအချို့ကို ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များအား နည်းလမ်းမျိုးစုံဖြင့် ကျူးလွန်လုပ်ဆောင်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများ အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့၊ ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား အမြန်ဆုံးပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်အတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး(Counter Terrorism Operation) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီ စိုးမိုးပြီး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အဓိကအရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သော အင်းတော် – ဝန်းသို – ကောလင်း- ကျွန်းလှ – ကန့်ဘလူ လမ်းကြောင်းနှင့် အင်းတော် – ကျောက်တန်း -စပ္ပါယ်နံသာ လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ ၁၅ ရက်တွင် အဆိုပါလမ်းကြောင်းများပေါ်ရှိ သင်တောကျေးရွာနှင့် ဥတုံးပင်ကျေးရွာတို့အထိ အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။









ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူလမ်းကြောင်းနှင့် ကျောက်တန်း-စပ္ပါယ်နံသာ လမ်းကြောင်းများပေါ်တွင် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား ချေမှုန်းတိုက်ခိုက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၆ ရက်တွင် ကံကြီး(အရှေ့)ကျေးရွာနှင့် ကံကြီး(အနောက်) ကျေးရွာအားလည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်တွင် ချပ်သင်းကျေးရွာနှင့် ပုဏ္ဏားငယ်ကျေးရွာ၊ တောင်ပုံကျေးရွာနှင့် ဟင်းသော်ကျေးရွာတို့အားလည်းကောင်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် လှည်းဘွဲ့ကျေးရွာနှင့် အုန်းခြောက်လုံးတဲစုကျေးရွာတို့အား လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်တွင် ချပ်ကြီးကျေးရွာနှင့် ပန်းခုံသာကျေးရွာတို့အား လည်းကောင်း အဆင့်ဆင့်ခြေကုပ်ယူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်တွင် ကျွန်းလှမြို့မှ တစ်ဆင့် ကန့်ဘလူမြို့သို့ရောက်ရှိခဲ့ရာ အင်းတော် – ဝန်းသို – ကောလင်း – ကျွန်းလှ ကန့်ဘလူလမ်းကြောင်းကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အင်းတော်-ကျောက်တန်း- စပ္ပါယ်နံသာ လမ်းကြောင်းအား အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်လည်း အင်တိုက်အားတိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများအား ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်း၍ စွမ်းစွမ်း တမံတာဝန်ထမ်းဆောင်ခဲ့သော အောင်ပွဲရတပ်မတော်စစ်ကြောင်းများအား ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့တို့မှ ရဟန်း၊ သံဃာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေ ပန်းများ၊ ဂုဏ်ပြုပန်းကုံးများ ကမ်း၍လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အကအလှများဖြင့် လည်းကောင်း လှိုက်လှဲဝမ်းသာစွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။
တပ်မတော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကအရေးပါသော ဆက် သွယ်ရေးလမ်းကြောင်းများဖြစ်သည့် အင်းတော် – ဝန်းသို – ကောလင်း – ကျွန်းလှ – ကန့်ဘလူလမ်းကြောင်းနှင့် အင်းတော် – ကျောက်တန်း – စပ္ပါယ်နံသာ လမ်းကြောင်းများ အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစွာဖြင့် အဆင့်ဆင့်ချေမှုန်း တိုက်ခိုက်၍ ပြန်လည်ထိန်းချုပ်မှုများရယူခဲ့ရာ အောက်တိုဘာလ ၅ ရက်မှ ယနေ့အထိ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲကြီး/ ငယ် စုစုပေါင်း အကြိမ်(၅၀) ဖြစ်ပွားခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း (၂၅)လောင်း၊ လက်နက် မျိုးစုံ(၂၅)လက်၊ ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲ များ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ အခြားအသုံး အဆောင်ပစ္စည်းများ၊ အများပြည်သူအသုံးပြုသွားလာနေသည့် အဓိကဆက်သွယ်ရေး လမ်းမကြီးများအပါအဝင် ကျေးရွာလမ်းများနှင့်အဆောက်အအုံများအကြား၌ အကြမ်းဖက် သောင်းကျန်းသူများထောင်ထားသည့် ပေပါခွံဖြင့်ပြုလုပ်ထားသော မိုင်းများအပါအဝင် အရွယ်အစားအမျိုးမျိုးရှိသော လက်လုပ်မိုင်း (၂၃၆) လုံးတို့ကို သိမ်းပိုက်ရရှိခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်သူများထိခိုက်နစ်နာ၍ အကြောက် တရားလွှမ်းမိုးပြီး ဒေသတွင်းလူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်းစေရန် ရည်ရွယ်လုပ် ဆောင်ထားသည့် အများပြည်သူသွားလာလျက်ရှိသော အဓိကဆက်သွယ်ရေးလမ်းမကြီး များနှင့် ကျေးရွာချင်းဆက်လမ်းများ၌လည်းကောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များ အနီးဝန်းကျင်နှင့် ကျေးရွာလမ်းများ၌လည်းကောင်း မိုင်းမျိုးစုံအား အရွယ်အစားအမျိုးမျိုး ဖြင့်ထောင်ထားခဲ့ရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက်မိုင်းများအားရှင်းလင်းခြင်းလုပ်ငန်းစဉ်များကို ကန့်သတ်ချက်များအကြားမှ အချိန်ယူ၍ စနစ်တကျရှင်းလင်းဖော်ထုတ်ပေးခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လူနေတိုက်တာအိုးအိမ်များ၊ လမ်းတံတားများ၊ ဌာနဆိုင်ရာ အဆောက်အအုံများကိုပြင်ဆင်၍ လိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်များကိုလည်း ဒေသခံပြည်သူများ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် NUGI CRPH တို့၏ သွေးထိုးမြှောက်ပင့်မှုများကို နားယောင်ပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းသည် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများတွင် များစွာ နောက်ကျစေလျက်ရှိသဖြင့် နိုင်ငံတော်နှင့်ဒေသအတွက် အမှန်တကယ်အကျိုးပြုလိုပါက နီးစပ်ရာလုံခြုံရေးစခန်းများနှင့် ချိတ်ဆက်၍ ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည် ဝင်ရောက်သင့်ပါကြောင်းနှင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများကို လည်း နိုင်ငံတော်အစိုးရနှင့်တပ်မတော်က လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။