
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂
(၂၀၂၁) ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ကျန်းမာရေးနှင့်ပညာရေးဝန်ထမ်း (၁၇၂၀ဝဝ) ကျော် Disloyalty Civil Servant (DCS) လုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာလ (၁၈) ရက် နံနက်ပိုင်းက ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ သည်။
DCS လုပ်ဆောင်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းများအတွင်း သာမန်ကျန်းမာရေးအမှု ထမ်းမှ အထူးကုပါရဂူ နှင့် ပါမောက္ခအဆင့်ရှိသူများ ပင်ပါဝင်ကြောင်း သိရသည်။
“ကျန်းမာရေးမှာ ဆေးရုံရှိရင် ဆရာဝန်ရှိရ မယ်ဆိုတဲ့မူနဲ့ ကျွန်တော်လုပ်နေပါတယ်။ ကိုယ်စား လှယ်ကြီးတွေက အသေးစိတ်တော့ သိမှာမဟုတ်ပါ ဘူး။ ကျွန်တော် နည်းနည်းပြောပြပါမယ်။ (၂၀၂၁) ခုနှစ် နိုင်ငံရေးအပြောင်းအလဲ အခက်အခဲဖြစ်လာတဲ့ အချိန်မှာ ကျန်းမာရေးက ဆေးရုံ၊ ဆေးခန်း။ အစိုးရ ဆေးရုံတွေ ဆေးပေးခန်းတွေမှာ သာမန် အမှုထမ်းကနေ အထူးကုပါရဂူတွေ၊ ပါမောက္ခအဆင့်ရှိတဲ့သူတွေ DCS လုပ်တာ (၅၂၀ဝဝ)ကျော်ရှိပါတယ်။ (၅၂၀ဝဝ) ကျော် DCS လုပ်သွားတယ်”ဟု နိုင်ငံ တော်သမ္မတက ပြောကြားခဲ့သည်။
ထိုစဉ်က ကိုဗစ်(၁၉)ကပ်ရောဂါကို နိုင်ငံတစ်ဝန်း လူပေါင်း(၆)သိန်းကျော် ရောဂါကူးစက်ခံနေ ရချိန်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း မလောက်ငသည့် ပြဿနာများဖြစ်ပေါ်ခဲ့ကာ လူပေါင်း(၁၃၀ဝဝ)ခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်မှ ပြန်လည်တာဝန်ထမ်းဆောင်ရန် ဖြေလျှော့မှု များလုပ်ဆောင်ခဲ့ပြီးနောက် ကျန်းမာ ရေးဝန်ထမ်း (၁၄၀ဝ)ခန့်သာ ပြန်လည် တာဝန်ထမ်းဆောင်ခဲ့ ကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။
“(၂၀၂၁-၂၀၂၂) က သေဆုံးနှုန်းအမြင့် ဆုံးပါပဲ။ အဲဒီအချိန်မှာ ကျန်းမာရေးဝန်ထမ်းမရှိပါဘူး။ တော်တော်ကို ကျွန်တော်တို့ အကျပ်အတည်းဖြစ်ပါ တယ်။ တပ်မတော်က ဆရာဝန်တွေ၊ သူနာပြုတွေ၊ အငြိမ်းစားတွေ အကုန်ပြန်ခေါ် နယ်ဘက်အကုန် ဖြန့်ကြက်ပြီး။ နယ်ဘက်မှာရှိတဲ့ တကယ်ကို စေတနာထား တဲ့ကျန်းမာရေးဝန်ထမ်းတွေ၊ အငြိမ်း စားတွေ မနေနိုင် ဘူး။ သူတို့လာကြတယ်။ ဆေးရုံတွေမှာ လာကူကြပါတယ်။ အဲဒါ ခင်ဗျားတို့သိပါတယ်။ ဒီလိုကူလို့သာ ကျွန်တော်တို့ (၂၀၂၃-၂၀၂၄)မှာ ကိုဗစ်ရောဂါကင်း စင်သွားတာဖြစ်ပါတယ်။ ဒီလိုအခက်အခဲနဲ့ ကျွန်တော် တို့ကျော် လွှားရတာဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မ တကပြောကြားခဲ့သည်။
ထို့နောက် အခက်အခဲများစွာဖြင့် ဆေးတက္ကသိုလ်များပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် (၂၀၂၅ -၂၀၂၆)တွင် ဆရာဝန်စုစုပေါင်း(၂၅၅၂)ဦး ပြန် လည်ခန့်အပ်နိုင်ခဲ့ကြောင်းသိရသည်။
သို့သော်လည်း လက်ရှိအချိန်အထိ အထူးကုပါရဂူဆရာဝန်များ ခန့်အပ်နိုင်ရေး အခက်အခဲများ ရှိနေသေး ကြောင်းလည်း နိုင်ငံတော် သမ္မတကဆိုသည်။ အလားတူပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာ ကျောင်း ပေါင်း (၅၀ဝဝဝ)ကျော်ရှိသည့် အနက် လက်ရှိတွင် ကျောင်းပေါင်း(၄၀ဝဝဝ) ပြန် လည်ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း (၂၀၂၁) ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခင်းအကျင်းအတွင်း မူလတန်းပြမှ ဒုတိယပါ မောက္ခချုပ်အဆင့်အထိ ပညာရေးဝန်ထမ်း (၁၂၀ဝဝဝ)ကျော် DCS လုပ်ဆောင်သွားခဲ့သဖြင့် ဝန်ထမ်းလို အပ်ချက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
“ဒီမှာလည်း ကျန်းမာရေးလိုပဲ ပညာရေး ကဏ္ဍမှာလည်း နိုင်ငံရေးအပြောင်းအလဲမှာ မူလတန်း ပြကနေ တက္ကသိုလ်ပါမောက္ခအဆင့်အထိ၊ ဒုတိယပါ မောက္ခချုပ်အဆင့်အထိပါပါတယ်။ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက တက္ကသိုလ်တွေအပါအဝင်ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်း (၁၂၀ဝဝဝ)ကျော် DCS လုပ်ပါတယ်။ အဲဒါကြောင့် ဆရာနဲ့ ကျောင်းသားအချိုးအ ပေါ်မှာလည်း တော်တော်ကို သက်ရောက်မှုရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆရာတွေ ဖြည့်ဖို့ တော် တော်လေးကြိုးစားရပါတယ်”ဟု နိုင်ငံတော်သမ္မတ က ပြောကြားခဲ့သည်။
လက်ရှိတွင် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမအသစ်(၅၅၀ဝဝ)နီးပါး ပြန်လည် ခန့်အပ်တာ ဝန်ပေးထားနိုင်ပြီဖြစ်ကြောင်းလည်း နိုင်ငံ တော်သမ္မတကဆိုသည်။
“ကိုယ်စားလှယ်တော်ကြီးများကနေပြီးတော့ ဆရာအခက်အခဲနဲ့ပတ်သက်ပြီး တင်ပြကြတာ ကျွန်တော်ကြားပါ တယ်။ တွေ့လည်းတွေ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာလည်း အတိုင်း အတာတစ်ခုအထိ အခက်အခဲရှိ နေသေးတယ်ဆို တာလေးကို ကျွန်တော်ပြောလိုပါတယ်။ အဲဒါကြောင့် ကိုယ့်ဒေသမှာ လာရောက်တာဝန်ထမ်းဆောင် နေတဲ့ ဆရာတွေကို လုပ်ငန်းခွင်ကနေပြီးတော့ ပျက်ကွက် မသွားအောင် သူတို့ကိုလည်း နည်းနည်း ကူညီပံ့ပိုး အားပေး ဖို့လိုအပ်ပါတယ်။ အနည်းဆုံးတော့ သူတို့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးပေါ့ အဆင် ပြေအောင်ကူညီ ပေးမယ်ဆိုရင်တော့ ပိုပြီး ကောင်းပါ လိမ့်မယ်”ဟု နိုင်ငံတော်သမ္မတကပြောကြားခဲ့သည်။