NP News

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ် အတွက် ဆန်ဖိုး၊ စားစရိတ်နှင့် အဝတ်အစားစရိတ် ကျပ် (၂၅ဒသမ၅၇၈) သန်းကို လူကယ်ပြန်ဝန်ကြီးဌာနမှ ထောက်ပံ့

စော(NP News)- နိုဝင်ဘာ ၂၂
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ် အတွက် ဆန်ဖိုး၊ စားစရိတ်နှင့် အဝတ်အစားစရိတ် ကျပ် (၂၅ဒသမ၅၇၈) သန်းကို ထောက်ပံ့ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုလွင်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်)က လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင် ခွင့်ပြုမိန့်ရရှိထားသည့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသိုရောက်ရှိချိန် ၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ် အတွက် ဆန်ဖိုး၊ စားစရိတ်နှင့် အဝတ်အစားစရိတ် ကျပ် (၂၅ဒသမ၅၇၈) သန်းနှင့် ရိပ်သာရှိ အသက် (၈၅)နှစ်အထက် လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသူ ဘိုးဘွား(၁၅)ဦးအတွက် တစ်ဦးလျှင် ကျပ် (၆၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေ ကျပ်(၉၀၀,၀၀၀)ကို ဘိုးဘွားတစ်ဦးချင်းစီသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရိပ်သာရှိ ဘိုးဘွားများ နေ့လယ်စာသုံး‌ဆောင်ရန် အလှူငွေ ကျပ်(၅၀၀,၀၀၀)ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉-၂၅၉၈၉၆၃၅၉၊ ၀၉-၇၈၇၀၅၀၈၃၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — NP News