NP News

ICJ ၏ ဆုံးဖြတ်ချက် တရားမျှတမှုမရှိဟု သမ္မတရုံးပြောခွင့်ရဆို

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်တရား စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင် ရာတရားရုံး ICJ က (နိုဝင်ဘာလ ၁၉ ရက်)ကချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး၊ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
သမ္မတရုံးပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက နိုဝင်ဘာလ (၂၀)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၁၉၄၈) ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုကိုတားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာသ ဘောတူ စာချုပ် (Genocide Convention)ကို ချိုးဖောက်သည်ဟူသောစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆို ထားခြင်းဖြစ်ပြီး (၇) နှစ်အကြာတွင် ချမှတ်ခဲ့သည့် ICJ ၏ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲခြင်းသာ ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးကဆိုသည်။
“ICJ နဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်လဲဆိုရင် ကျွန်မတို့ စပြီးတော့ဆောင်ရွက်ခဲ့တာသည် (၇)နှစ်ရှိ ပါပြီ။ ဒီ ICJ နဲ့ပတ်သက်ပြီး ကျွန်မတို့နိုင်ငံဘက်က မတရား စွပ်စွဲခံထားရတယ်။ အမှန်တိုင်းပြောရရင် အဲဒါတွေနဲ့ပတ်သက်ပြီး တော့ လည်း ကျွန်မတို့ ဖြေရှင်းချက်တွေကို တကယ်ကိုထည့်သွင်းဖို့အတွက် အကုန်လုံး စနစ်တကျလုပ်ခဲ့ပါတယ်။ နောက် တစ်ခါ ကျွန်မတို့ ဒီကြားထဲမှာတော့ သူတို့ချတဲ့အမိန့်တွေ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတဲ့ဟာတွေ အကုန်လုံးကို လည်း ကျွန်မတို့ လိုက်နာခဲ့ပါတယ်။ အကောင်းဆုံး ကျွန်မတို့ဘက်က လိုက်နာစရာရှိတာ၊ ဖြေရှင်းစရာရှိ တာတွေကိုလုံးဝ international step ခေါ်တယ်။ သူ တို့ခေါ်တဲ့နေရာနဲ့အညီပေါ့နော် ကျွန်မတို့ လုပ်ခဲ့ပါတယ်”ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
သို့သော်လည်း တရားသူကြီး(၁၅)ဦးပါဝင် သည့် တရားရုံး၏ ပထမဆုံး ဆုံးဖြတ်ချက်တွင် ထောက်ခံမဲ (၉) မဲ၊ ကန့်ကွက်မဲ (၆)မဲဖြင့် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကိုတားဆီးရန်နှင့် အပြစ် ပေးရန်ပျက်ကွက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆုံးဖြတ်ချက်သည် တရားသူကြီး (၁၅)ဦးလုံး၏တူညီသော သဘောတူဆုံးဖြတ်ချက်မ ဟုတ်သဖြင့် တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးကဆိုသည်။
“သို့သော်လည်း မနေ့က result ထွက်လာပါတယ်။ အဲဒီတော့ ကျွန်မတို့ဘက်က ကြိုးစားတဲ့ အပိုင်းက ပြီးပြီ။ မနျကူအ ထွက်တော့ result ကို ကြည့်တဲ့အချိန်မှာ တရားသူကြီး (၁၅) ယောက်ပေါ့။ (၁၅) ယောက်ထဲမှာ ဘယ်လိုရှိ လဲဆိုတော့ (၉) ယောက်က ဆုံးဖြတ်ချက်ကို သဘောတူတယ်။ (၆) ယောက်က သဘောမတူဘူး။ ဆိုတော့ ဒါသည် အားလုံး တညီတညာတည်းဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ fair မဖြစ်ဘူးလို့ ကျွန်မပြောချင်ပါတယ်”ဟု သမ္မတ ရုံးပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးကပြောသည်။
ထို့နောက် ICJ ၏ဆုံးဖြတ်ချက်အပေါ် မြန် မာအစိုးရ၏သဘောထားထက် ကမ္ဘာ့အင်အားကြီး (၃) နိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံ တို့၏ ICJ နှင့်အတူ အဖွဲ့အစည်းများအပေါ် သဘောထားကိုသာ ဦးစွာနားထောင် စေလိုကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးကပြောကြားခဲ့သည်။
“ICJ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ကို အမေရိကန်က လေ့လာသုံးသပ်နေတယ်။ အဲဒါ က နိုင်ငံရေးအရ အသုံးမပြုဖို့လိုတယ်။ ကျွန်မတို့ရဲ့ သဘောထားထက်စာရင် တကယ့် ကမ္ဘာထိပ်သီး (၃) နိုင်ငံကဟာ statement ထုတ်ထားတဲ့အနေအထား ဆိုတော့ အဲဒါကို ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့် လို့ရပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ICJ ၏ဆုံးဖြတ်ချက် အပေါ် တရုတ်အစိုးရကလည်း ICJ ရဲ့ ဆုံးဖြတ်ချက်သည် တရားစီရင်ရေးဆိုင်ရာလုပ်ပိုင်ခွင့် အာဏာကို ကျော်လွန် လုပ်ဆောင်နေကြောင်းပြောဆိုထားကြောင်းသိရသည်။

မူရင်းသတင်း — NP News