
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၂
နယ်မြေချဲ့ထွင်မှုများရှိသော်လည်း NCA လမ်းကြောင်းမှ ပြန်လည်ညှိနှိုင်းမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုး၏ပြောကြားချက်အရ သိရသည်။
နိုဝင်ဘာလ (၂၀) ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတရုံး ဒုတိယ အကြိမ်သတင်း စာရှင်းလင်းပွဲတွင် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပြီး NCA သည် အပစ်အခတ်ရပ်စဲရေးတစ်ခု တည်းအတွက်ရည်ရွယ်ထားခြင်းမဟုတ်ကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးကပြောကြားသည်။
“ကျွန်မတို့ ခုနက သမ္မတကြီးကလည်း အတိအလင်းပြောထားပါတယ်။ NCA လမ်းကြောင်း အတိုင်းပဲ ဆက်သွားမယ်။ NCA ဆိုတာ သူက အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းအတွက်တော့မဟုတ်ဘူး။ သူက ဒီတိုင်းရင်း သားပြည်သူတွေအလိုရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးပေါ့။ အဲဒီအတွက်လည်း သူက လိုအပ်တဲ့အခင်းအကျင်းတွေ အဲဒီထဲမှာ ဃြဗ သဘောတူညီချက်ထဲမှာပါပါတယ်”ဟု ဒေါက် တာ ခိုင်ခိုင်စိုးကပြောသည်။
လက်ရှိတွင် NCA လုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ဆက် လက်ပြုလုပ်နေပြီး အပစ်အခတ်ရပ်စဲထား သည့်အဖွဲ့များ၊ သဘောတူညီမှုရရှိထားသည့်အဖွဲ့ များနှင့် ဆွေးနွေး နေဆဲအဖွဲ့များလည်းရှိကြောင်း ပြောကြားသည်။
“ ဒါဟာလည်း အောင်မြင်မယ်လို့ယူဆပါတယ်။ နောက်ထပ် ကျွန်မတို့ ဒီအဖွဲ့တွေတင်မဟုတ်ဘူး။ ကျွန်မသိသလောက်တော့ ငြိမ်းချမ်းရေးဆိုင်ရာ မဟာမိတ်အဖွဲ့တွေပါတယ်၊ တိုင်းရင်းသား လက်နက် ကိုင်၊ နောက် နိုင်ငံရေးပါတီတွေ၊ နိုင်ငံတကာ သံတ မန်တွေ၊ အားလုံးပါပြီးတော့မှ ကျွန်မတို့သဘောတူ ထားတဲ့ကိစ္စ။ အခုလည်း အရှိန်အဟုန်နဲ့ သွားနေပါ တယ်။ အချိန်အတိုင်းအတာတစ်ခု နည်းနည်းလေး တန့်သွားတယ်။ သို့သော်လည်း အခု ပြန်ပြီးတော့ အရှိန်မြှင့်သွားနေတယ်။ မကြာခင်မှာလည်း အောင် မြင်မှုတွေ တဖြည်းဖြည်းပေါ်ပေါက်လာမှာဖြစ်ပါ တယ်။ အဲဒီတော့ ဖြေကြားလိုတာကတော့ တခြားလမ်းကြောင်းမရှိပါဘူး။ NCA လမ်းကြောင်းနဲ့ပဲ ဆွေးနွေးမှုနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာပါမယ်” ဟုပြောသည်။
ထို့ပြင် လက်ရှိအခြေအနေ၌ လက်နက် ကိုင်အဖွဲ့အချို့၏ နယ်မြေချဲ့ထွင်မှုများရှိနေသော် လည်း အဆိုပါ ကိစ္စများကို (၂၀ဝ၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း၊ NCA လမ်းကြောင်းမှတစ်ဆင့် ပြန် လည်တိုင်ပင်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း ပြောကြား ထားသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ သွားပါမယ်။ အခု လက်ရှိအနေအထားအရ သူတို့ နယ်မြေချဲ့ထွင်နေတဲ့ အနေအထားမျိုးတွေရှိပါတယ်။ သို့သော်လည်း ကျွန်မတို့ NCA လမ်းကြောင်းကနေ ပြန်သွားမယ်၊ ပြန်လည် တိုင်ပင်ညှိနှိုင်းမယ်။ ဒါပေမဲ့ ကျွန်မတို့ ခိုင်ခိုင်မာမာရပ်တည်ထားတာသည် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ သွားပါ့မယ်” ဟု ပြောသည်။