ပခုက္ကူ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ တောင်သူများအား နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ ပခုက္ကူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာက ချေးငွေများ ထုတ်ချေးပေးရသည့် ရည်ရွယ်ချက်များနှင့် တောင်သူများ လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘဏ်ဝန်ထမ်းများက ပခုက္ကူမြို့နယ် ကုက္ကိုလှကျေးရွာအုပ်စုရှိ ဆယ်ရွာ၊ ဘွတ်ကုန်း၊ သင်္ဘောကုန်းနှင့် မယ်ဇလီကုန်းကျေးရွာတို့မှ တောင်သူ ၁၄ ဦး၏ ဆောင်းရာသီစိုက်ပျိုးသီးနှံ ၄၃ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀၇၅၀၀၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ တောင်သူများ၏ ဆောင်းရာသီစိုက်ပျိုးသီးနှံ ၁၂၅ ဧကအတွက် စုစုပေါင်းငွေကျပ် သိန်း ၃၈၀ ကို ထုတ်ချေးပေးနိုင်ရေး လျာထားလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)