Myanmar Digital News

မုံရွာမြို့၌ တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲ ကျင်းပ

မုံရွာ နိုဝင်ဘာ ၂၂

 

တန်ဆောင်တိုင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ပြည်သူ့ဥယျာဉ်၌ ကျင်းပသည်။

 

အဆိုပါပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်တွင် MSMEs ဈေးဆိုင်ခန်း ပေါင်း ၁၂၅ ခန်း ပါဝင်ကာ မီးပုံးပျံလွှတ်တင်ပွဲကို တန်ဆောင်မုန်းလပြည့်ညတွင် ကျင်းပသွားမည် ဖြစ်သည်။

 

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးကိုလေးက အမှာစကားပြောကြားပြီး ဖွင့်ပွဲတွင်ကပြ ဖျော်ဖြေပေးကြသည့် ဘင်ခရာ၊ ပန်းဖွားအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူ ပွဲတော်ကို ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့တို့သည် ဈေးရောင်းပွဲတော်တွင် လူသုံးကုန်၊ စားသောက်ကုန်နှင့် လယ်ယာသုံးထွန်စက်များ၊ စက်ပစ္စည်းများ၊ အဝတ်အထည်များ ရောင်းချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News