မကွေး နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကံလှကျေးရွာအနီးရှိ Good Brothers’ Co.,Ltd. ၏ ပဲမျိုးစုံနှင့်နှမ်းသီးနှံ အရည်အသွေး ခွဲခြားသန့်စင်စက်ရုံတွင် တစ်နာရီလျှင် ၅ တန် (5Mt/h) ကျ အရည်အသွေး ခွဲခြားသန့်စင်နိုင်သည့် ပဲမျိုးစုံသန့်စင်စက်နှင့် နှမ်းသန့်စင်စက်များ တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ အကျိုးတူလယ်ယာစနစ် (Contract Farming) ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ဖွံ့ဖြိုးရေး ကူညီပံ့ပိုးပေးနေမှုနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနေမှုကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို သွားရောက်ကြည့်ရှု အားပေးသည်။
ကြည့်ရှုစဉ် နိုင်ငံတကာဈေးကွက် ဝင်အရည်အသွေးမီ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် တောင်သူများအတွက် လိုအပ်သည့်သွင်းအားစုနှင့် နည်းပညာများ ပံ့ပိုးပေးနိုင်ရန်မှာကြားပြီး စက်ရုံသို့ ပဲ၊ နှမ်းသီးနှံများ လာရောက်ရောင်းချလျက်ရှိသော ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲနှင့် လိုအပ်ချက်များ တင်ပြဆွေးနွေးမှုကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အတူ Good Brothers’ Co.,Ltd. ၏ စားသုံးဆီစက်နှင့် ဆီသန့်စင်လုပ်ငန်းတွင် FDA ထောက်ခံချက်အမှတ် (MM 25 M 02 00162) ရရှိထားမှု၊ တစ်ရက်လျှင် ၁၅ တန် ကြိတ်ခွဲနိုင်သည့် ဆီကြိတ်စက်များ၊ ဆီသန့်စင်စက် (Oil Refinery) နှင့် နေကြာဆီ ကြိတ်စက်၊ နှမ်းဆီမွှေးကြိတ်စက်များ တပ်ဆင်လည်ပတ်နေမှု၊ တစ်နှစ်လျှင် မြေပဲ၊ နှမ်း၊ နေကြာနှင့် နှမ်းလှော်ဆီမွှေးကုန်ကြမ်း စုစုပေါင်းတန်ချိန် ၂၈၈၀ ကြိတ်ခွဲ၍ စားသုံးဆီ ၁၁၂၃ တန် (ပိဿာချိန် ၆၈၇၈၄၃) ထုတ်လုပ်ရန် လျာထားဆောင်ရွက်နေမှုနှင့် ပြည်ပသို့ နှမ်းဆီမွှေးတင်ပို့နိုင်ရေး ဆောင်ရွက်နေမှု၊ စက်ရုံအတွင်း ပဲ၊ နှမ်း သန့်စင်ဆောင်ရွက်နေမှု အဆင့်ဆင့်ကို ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)