အောင်မင်း(ကျန်းမာရေးပညာ)
မြန်မာနိုင်ငံတွင် ကျန်းမာသောမျှော်မှန်းလူ့သက်တမ်း တဖြည်းဖြည်းမြင့်မားလာရာ သက်ကြီးပုဂ္ဂိုလ်များ ပိုမိုများပြားလာသည်နှင့်အမျှ သက်ကြီးဘဝလှပဖို့ကို ကြိုတင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျန်းမာတက်ကြွ သက်ကြီးပုဂ္ဂိုလ်ဘဝကို ရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ပြုမူစားသောက်တတ်ရန် အရေးကြီးပါသည်။
အဘိုးအဘွားများ ပျော်ရွှင်၊ တက်ကြွသက်ကြီးဘဝကို ရရှိရန်အတွက် သင့်လျော်သည့်အာဟာရကို စားသုံးခြင်း၊ ကိုယ်ကာယလှုပ်ရှားမှုများပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ထိခိုက်ဒဏ်ရာမရရှိစေရန် ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါဖြစ်ပွားခြင်းတို့မှကာကွယ်ရန် ပြုမူနေထိုင်ခြင်း၊ စိတ်ကျန်းမာရေးကောင်းမွန်စေရန် ပြုမူနေထိုင်ခြင်းတို့ လိုအပ်ပါသည်။
အာဟာရနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ
သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် သစ်သီး၊ သစ်ဥ၊ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းနှင့် လတ်ဆတ်သော သားငါးများကို စားသုံးသင့်ပါသည်။ ဝမ်းမချုပ်စေရန်အတွက် ဟင်းသီးဟင်းရွက်များ စားသုံးသင့်သလို တစ်နေ့လျှင် အနည်းဆုံးရေခြောက်ခွက်မှ ရှစ်ခွက် (၂ လီတာခန့်) သောက်သုံးသင့်ပါသည်။ သက်ကြီးဘိုးဘွားများတွင် သွားမကောင်းသည့် ပြဿနာရှိသဖြင့် ဝါးရလွယ်ကူစေရန် သေးနိုင်သမျှအသေးဆုံးလှီးဖြတ်၍ နူးညံ့ပျော့ပျောင်းအောင် ပြင်ဆင်ချက်ပြုတ်ပေးရန် လိုအပ်ပါသည်။ အစာစားချိန်တွင် မိသားစုဝင်တစ်ယောက်ယောက်က အဖော်ပြု၍ အတူစားသင့်ပါသည်။
ကိုယ်ကာယလှုပ်ရှားမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ
သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ငယ်ရွယ်စဉ်ကပင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို လိုက်နာကျင့်သုံးပါက အသက်ကြီးခြင်းနှင့်အတူ ဖြစ်ပေါ်လာသော နာတာရှည်ရောဂါများကို ကာကွယ်ထိန်းသိမ်းပြီး ပျော်ရွှင်တက်ကြွသည့် သက်ကြီးဘဝရရှိနိုင်မည်ဖြစ်ပါသည်။ ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများကို ပုံမှန်ဆောင်ရွက်ပါက ရောဂါများကို ကြိုတင်ကာကွယ်နိုင်ပြီး အသက်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မသန်မစွမ်းဖြစ်မှုများကို နှောင့်နှေးစေသည့်အပြင် အချို့သောရောဂါကုသမှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။
ထိခိုက်ဒဏ်ရာရရှိခြင်းမှ ကာကွယ်ခြင်း
သက်ကြီးပုဂ္ဂိုလ်များသည် မျက်စိမှုန်ခြင်း၊ နားလေးခြင်းတို့ကြောင့်လည်းကောင်း၊ ကြွက်သားအားလျော့နည်းမှုနှင့် အရိုးအဆစ်များ ခိုင်မာမှုကျဆင်းလာသောကြောင့်လည်းကောင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း၊ အပူအအေးသိမှုကျဆင်းလာခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာများ ပိုမိုရရှိလာနိုင်ပါသည်။
သက်ကြီးပုဂ္ဂိုလ်များ၏ ပတ်ဝန်းကျင်တွင် မြင်သာထင်သာသော အရောင်များသုံးရမည်။ ထိခိုက်ဒဏ်ရာရရှိနိုင်သော အတားအဆီးပစ္စည်းများကို ဖယ်ရှားထားရမည်။ အလင်းရောင်ကောင်းစွာရရှိအောင် စီစဉ်ဆောင်ရွက်ပေးရမည်။ ချော်လဲနိုင်သောဖိနပ်များကို မစီးစေရ။ ဖမ်းကိုင်၊ ဆုပ်ကိုင်နိုင်မည့်ပစ္စည်းများ၊ တန်းများ ထားပေးရမည်။ နားကောင်းစွာ ကြား၊ မကြား သိနိုင်အောင် နှစ်စဉ်စမ်းသပ်မှုခံယူရမည်။ မျက်မှန်ပါဝါကိုက်အောင် နှစ်စဉ်စမ်းသပ်ပေးရမည်။ တုတ်ကောက်၊ တောင်ဝှေးသုံး၍သွားလာရန် အားပေးရမည်။ လဲလျောင်းနေရာ၊ ထိုင်နေရာမှ ချက်ချင်းလျင်လျင်မြန်မြန်မထရန် သတိပေးရပါမည်။ ရုတ်တရက် သွေးပေါင်ချိန်ကျ၍ လဲကျနိုင်ပါသည်။
ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်ခြင်း
အသက်ကြီးလာသောအခါ ကင်ဆာဖြစ်စေသော မျိုးရိုးဗီဇများထကြွလာခြင်းကြောင့်လည်းကောင်း၊ ကင်ဆာမဖြစ်စေသော မျိုးရိုးဗီဇများ အားနည်းလာခြင်းကြောင့်လည်းကောင်း၊ မိမိသက်တမ်းတစ်လျှောက် ကြုံတွေ့သုံးစွဲခဲ့သော ကင်ဆာဖြစ်စေသည့်အကြောင်း များကြောင့်သော်လည်းကောင်း ကင်ဆာပိုမိုဖြစ်လာနိုင်ပါသည်။ အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် ကွမ်းဖြတ်ခြင်း၊ အသီးအရွက်များများစားခြင်း၊ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်နိုင်ခဲ့ပါက သက်ကြီးရွယ်အိုဘဝတွင် ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်ခြင်း
ရင်ဘတ်အောင့်ခြင်း၊ ရင်တွင်းလေးလံလာခြင်း၊ အသက်ရှူမဝခြင်း၊ ဘယ်လက်မောင်းအောင့်လာခြင်း၊ ကျဉ်လာခြင်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက်တို့တွင် ကျဉ်လာခြင်းတို့သည် နှလုံးသွေးကြောကျဉ်း ရောဂါ၏လက္ခဏာများဖြစ်ပါသည်။
နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ
ဆေးလိပ်မသောက်ပါနှင့်၊ ကွမ်းမစားပါနှင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါများခံစားနေရပါက စနစ်တကျဆေးဝါးကုသမှုခံယူပါ။ အဆီများလွန်းသောအစာ၊ အငန်များလွန်းသောအစာများနှင့် အချိုများစွာ စားသုံးခြင်းတို့ကို ရှောင်ကြဉ်ပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ဘာသာတရားကို ကျင့်ကြံအားထုတ်ပါ။
သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ခြင်း
သက်ကြီးပုဂ္ဂိုလ်များတွင် အပေါ်သွေး ၁၄၀ mmHg နှင့် အထက် ကျော်လျှင် သို့မဟုတ် အောက်သွေး ၉၀ mmHg ကျော်လျှင် သွေးတိုးရောဂါရှိသည်ဟု သတ်မှတ်ပါသည်။ သွေးပေါင်မချိန်မီ အတန်အသင့် အနားယူချိန်ပေးပြီး နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အထက် တိုင်းယူသင့်ပါသည်။ သက်ကြီးပုဂ္ဂိုလ် ဆေးခန်းများတွင် ထိုင်လျက်သာမက မတ်တတ်ရပ်လျက် သွေးပေါင်ချိန်ကို တိုင်းယူခြင်းဖြင့် မတ်တတ်ရပ်ချိန်တွင် သွေးပေါင်ကျခြင်းကို သတိပြုနိုင်ပါသည်။
သွေးကျဆေးများပေး၍ သွေးတိုးချိန်ညှိရာတွင် မတ်တတ်ရပ်ချိန်တွင်ရှိသော သွေးပေါင်ချိန်ကိုပါ ထည့်သွင်းစဉ်းစားမှ ပိုမိုထိရောက်စွာ ကုသနိုင်မည်ဖြစ်ပြီး မတ်တတ်ရပ်ချိန်သွေးပေါင်ချိန် လျော့ကျခြင်းကြောင့် ခံစားရသည့် မူးနောက်ခြင်း၊ ယိမ်းယိုင်ခြင်း၊ လဲကျခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
ရှောင်ကြဉ်ရမည့်အချက်များ
သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်းဖြင့် မကူးစက်နိုင်သောရောဂါ များဖြစ်ခြင်းမှ ကာကွယ်တားဆီးနိုင်သည့်အပြင် ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းစေပါသည်။
ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် နာတာရှည်ချောင်းဆိုးရောဂါများအပြင် ကင်ဆာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါများ၊ လေဖြတ်ခြင်းနှင့် အရိုးပွရောဂါများ ပိုမိုဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်သော အဘိုးအဘွားများအနေဖြင့် ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။
ဆေးလိပ်ဖြတ်သည့်နည်းလမ်းများ
· မီးခြစ်၊ ဆေးလိပ်ခွက်၊ ဆေးလိပ်စသည်တို့ကို မြင်သာသည့်နေရာ ၌ မထားရပါ။
· အဘိုးအဘွားများရှေ့တွင် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
· အဘိုးအဘွားများ ဆေးလိပ်ဖြတ်ခြင်းကို မိသားစုက ဝိုင်းဝန်း အားပေးဖို့လိုပါသည်။
· ဆေးလိပ်သောက်ချင်စိတ်ပေါ်လာပါက စိတ်ပြေလက်ပျောက် တစ်ခုခုထလုပ်ပါ။ အာရုံပြောင်းပစ်လိုက်ပါ။
အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
သက်ကြီးပုဂ္ဂိုလ်များအရက်သောက်ပါက နှလုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အစာအိမ်အနာရောဂါများဖြစ်ခြင်း၊ ခြေလက်များ ထုံကျဉ်ကိုက်ခဲခြင်း၊ ပိုမို၍သတိမေ့လျော့လာခြင်း၊ မကြာခဏလိမ့်ကျခြင်း၊ ချော်လဲခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရခြင်းတို့ ပိုမိုဖြစ်ပွားတတ်ပြီး အရက်သမားသက်ကြီးပုဂ္ဂိုလ်တို့အား ပတ်ဝန်းကျင်မှ ရှောင်ကြဉ်လာတတ်ပါသည်။
အရက်ဖြတ်ရန်လိုအပ်ချက်များ
· မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများမှ ထောက်ခံအားပေးရပါမည်။
· အရက်၏ ဆိုးကျိုးများကို ဆွေးနွေးပညာပေးပြီး အကျိုးအပြစ်များ ဆန်းစစ်ရပါမည်။
· တတ်ကျွမ်းသူနှင့် တိုင်ပင်ဆွေးနွေးပြီးဆေးရုံတက်၍ အရက်ဖြတ်ပါ က ပိုမိုကောင်းမွန်ပါမည်။
စိတ်ကျန်းမာရေးကောင်းမွန်စေရန် လိုက်နာရမည့်အချက်များ
သက်ကြီးပုဂ္ဂိုလ်များတွင် မှတ်ဉာဏ်စွမ်းအားလျော့နည်းခြင်း၊ သတိမေ့လျော့ခြင်း၊ သဘောပေါက် နားလည်နိုင်မှုအားနည်းလာခြင်း၊ စိတ်အားငယ်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်း၊ ငယ်မူပြန်ခြင်း စသည့် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ခံစားရလေ့ရှိပါသည်။
မှတ်ဉာဏ်စွမ်းအားလျော့နည်းခြင်း
မှတ်ဉာဏ်စွမ်းအားလျော့နည်းလာသော ရောဂါဖြစ်ခြင်းလျော့နည်းစေရန် ကျန်းမာရေးနှင့်ညီညွတ်၍ အာဟာရပြည့်ဝသော အစားအစာများစားခြင်း၊ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ စိတ်ဓာတ်တက်ကြွစွာနေထိုင်ခြင်း၊ စိတ်ဖိစီးမှုအားထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ သက်ရွယ်တူများအချင်းချင်း ဆက်သွယ်ပြောဆိုခြင်း၊ အတတ်ပညာအသစ်များ လေ့လာသင်ယူခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
မှတ်ဉာဏ်စွမ်းအား လျော့နည်းလာပါက အောက်ပါလက္ခဏာများကို ခံစားရမည်ဖြစ်ကြောင်းနှင့် ၎င်းလက္ခဏာများကိုခံစားရပါက ကျန်းမာရေးဝန်ထမ်းနှင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ကျန်းမာရေး အသိပညာပေးရမည် -
· ယခင်ကျွမ်းဝင်ပြီးသော အလုပ်များကို ကောင်းမွန်စွာမဆောင်ရွက် နိုင်ခြင်း၊ စကားပြောဆိုဆက်ဆံရာတွင် အခက်အခဲရှိလာခြင်း၊
· မည်သည့်နေရာရောက်နေမှန်းမသိဘဲ မျက်စိလည်ခြင်း၊
· အချိန်စဉ်းစားမရဘဲ စိတ်ရှုပ်ထွေးစေခြင်း၊
· ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းလာခြင်း၊
· ပစ္စည်းများကို နေရာလွဲမှား၍ ချထားခြင်း၊
· စိတ်နေစိတ်ထားနှင့် အပြုအမူများပြောင်းလဲလာခြင်း၊
· စီးပွားရေး၊ လူမှုရေးစသည့် လုပ်နေကျလုပ်ငန်းများကို မလုပ်တော့ခြင်း။
မိသားစုဝင်များအနေဖြင့် သက်ကြီးဘိုးဘွားများတွင် အဖြစ်များသော မှတ်ဉာဏ်စွမ်းအား လျော့နည်းလာသောရောဂါကို စောစီးစွာသိရှိစေရန် သက်ကြီးဘိုးဘွားများကို စိတ်ကျန်းမာရေးဆိုင်ရာ ဆန်းစစ်မှုများ ပုံမှန်စစ်ဆေးခံရမည်ဖြစ်ပြီး ကုသမှုနှင့်အထောက်အပံ့များ ရရှိစေရေး ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးအသိပညာပေးရမည်။
စိတ်အားငယ်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်း
သက်ကြီးပုဂ္ဂိုလ်များသည် အကောင်းမြင်ဝါဒကျင့်သုံးပြီး အပြုသဘောဆောင်သည့် အတွေးအခေါ်အပြုအမူများနှင့် နေထိုင်ရပါမည်။ စိတ်ကျန်းမာရေးကောင်းမွန်စေရန် သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် မိသားစု၊ သူငယ်ချင်းများနှင့်အတူ အချိန်များကုန်ဆုံးစေခြင်း၊ ပြဿနာ များအား အချင်းချင်းပြောပြခြင်း၊ စိတ်ဝင်စားစရာကောင်းသော၊ ပျော်ရွှင်ဖွယ်ကောင်းသော ဝါသနာများအား ရှာဖွေပြုလုပ်ခြင်းတို့ကို ကျင့်ကြံပြုမူနေထိုင်သင့်ကြောင်း အသိပညာပေးရမည်။
သက်ကြီးပုဂ္ဂိုလ်များ ဘဝ၏နေဝင်ချိန်ကို ကျန်းမာပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်ရေးအတွက် မိမိတို့၏အနာဂတ်ကလေးငယ်နှင့် လူငယ်များကိုသာမက သက်ကြီးပုဂ္ဂိုလ်များကိုပါ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပံ့ပိုး ကူညီစောင့်ရှောက်ပေးကြပါရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
ရည်ညွှန်း -
(၁) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Elderly Health Care Project ၏ Power Point များ
(၂) ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်ထုတ် လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများစာအုပ်