Voice of Myanmar

အဆောက်ဦးအမိုးပေါ် ဆိုလာကနေ လျှပ်စစ် ဓါတ်အားထုတ်လုပ်တဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်

ရန်ကုန်- နိုဝင်ဘာ၂၃-၂၀၂၆

EP( VOM)

အထပ်မြင့် အဆောက်ဦးအမိုးပေါ်မှာ နေရောင် ခြည်ကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့ အမိုးတင် ဆိုလာစီမံကိန်း လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။

ရန်ကုန်မြို့ အပါအဝင် မြို့ကြီး‌တွေမှာ တည် ဆောက်မယ့် အထပ်မြင့် အဆောက်ဦးတွေမှာ ဆိုလာပြားတပ်ဆင်ရမယ်လို့ အောက်တိုဘာလက ထုတ်ပြန်ပြီးနောက် နောက်ဆက်တွဲ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အမိုးတင်ဆိုလာစီမံကိန်းလုပ်ငန်း‌များတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းလုပ်ငန်းရှင်‌ေတွကို ဖိတ်ခေါ်တဲ့ ကြေငြာချက်ကို နိုဝင်ဘာ ၂၁ နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။

ပုဂ္ဂလိကကုမ္ပဏီ‌​တွေကို အရင်းအနှီးစိုက်ထုတ်ပြီး ဆိုလာပြားတပ်ဆင်တာ ပြုပြင်ထိန်းသိမ်းတာနဲ့ ဓာတ်အားထုတ်လုပ်ရောင်းချခ တာဝန်ယူ‌ ဆောင်ရွက်ဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

လုပ်ငန်းဆောင်ရွက်လိုတဲ့ ကုမ္ပဏီ‌တွေဟာ ဝန်ကြီးဌာန​တွေမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေ အချိန်တိုအတွင်း ခွင့်ပြုသွားမယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးဌာနက ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုပြီး ထွက်ရှိလာတဲ့ ဓါတ်အားကို ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကီလိုဝပ် ၁၀၀နဲ့ အထက် ထုတ်လုပ်ပေးနိုင်တဲ့ ဆိုလာတပ်ဆင် ပစ္စည်း တပ်ဆင်အသုံးပြုတဲ့အခါ ဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စံနှုန်းအတိုင်းလိုက်နာရန် သတိပေးထားပါတယ်။

ဖိတ်‌ေခါ်လိုက်တဲ့ အခုစီမံကိန်းအရ အဆောက်အ အုံပိုင်ရှင်တွေဟာ တပ်ဆင်စရိတ် စိုက်ထုတ်ရန် မလိုဘဲ လစဉ်သုံးစွဲတဲ့ ဓာတ်အားခအပေါ် နှုန်းထားလျှော့ပေါ့မှု ရရှိမှာ ဖြစ်ပါတယ်။

အခု ဒီစီမံကိန်းကို ပထမအဆင့်အနေနဲ့ နေပြည် တော်၊ ရန်ကုန်နဲ့ မန္တလေးအတွင်းမှာရှိတဲ့ နိုင်ငံတော်ပိုင်ရုံး‌တွေ ၊ ကျောင်းတွေ ၊ ဆေးရုံတွေနဲ့ ဈေးတွေမှာ အကောင်ထည်ဖော်သွားမှာ ဖြစ်ပါတယ်။

ဒါအပြင် စီးပွားရေးနဲ့ စက်မှုလုပ်ငန်းသုံး အဆောက် အအုံ‌တွေမှာ အကောင်ထည်ဖော်သွားမှာဖြစ်ပြီး ဒုတိယအဆင့်အ​နေနဲ့ လူနေအိမ်အထိ တိုးချဲ့တပ်ဆင်နိုင်ရန် စီစဉ်သွားမှာ ဖြစ်ပါတယ်၊

မူရင်းသတင်း — Voice of Myanmar