NP News

ဂျန်ဆန်ဟွမ်က စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်ခံရမှုနဲ့အတူ Nvidia ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုး (၃၀)ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာ

Pika (NP News) - နိုဝင်ဘာ ၂၄

Nvidia ကုမ္ပဏီက ဂျန်ဆန်ဟွမ်ကို စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီးနောက် ကုမ္ပဏီရဲ့စတော့ရှယ်ယာတန်ဖိုးတွေက (၃၀)ရာခိုင်နှုန်းကျော် တက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဂျန်ဆန်ဟွမ်က Nvidia ကုမ္ပဏီရဲ့စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်ခံလိုက်ရမှုနဲ့အတူ အာရှဒေသမှာရှိတဲ့ စတော့ရှယ်ယာဈေးကွက်တွေလည်း သိသိသာသာကိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဂျန်ဆန်ဟွမ်က Nvidia ရဲ့ စီအီးအိုအဖြစ် ပြန်လာမှုဟာ အထိနာနေခဲ့တဲ့ AI နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားစေခဲ့ပြီး ဈေးကွက်ပြန်လည်ဦးမော့လာစေဖို့ တွန်းအားဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်(တိုင်ပေ)စတော့ရှယ်ယာဈေးကွက်က အချိန်(၈)လအတွင်း အနိမ့်ဆုံးအဆင့်ကနေ (၉)ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပြီး Nvidia ရဲ့ အဓိကချစ်ပ်ထုတ်လုပ်ရေးလုပ်ဖက် TSMC နဲ့ တပ်ဆင်ထုတ်လုပ်ရေးလုပ်ဖက် Foxconn တို့ရဲ့ရှယ်ယာဈေးနှုန်းတွေကလည်း (၁၀)ရာခိုင်နှုန်းနီးပါးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဂျပန်နိုင်ငံကလွဲပြီး အာရှ-ပစိဖိတ်ဒေသတွင်း စတော့ရှယ်ယာတွေကို ခြုံငုံဖော်ပြတဲ့ MSCI ညွှန်းကိန်းကလည်း (၄)ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အချိန်(၈)လအတွင်း အနိမ့်ဆုံးအဆင့်ကနေ ပြန်လည်ဦးမော့လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဂျန်ဆန်ဟွမ်ကို စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်ဖို့ Nvidia ကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်အဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ပြောကြားခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လျက်ရှိပါတယ်။

ဒါပေမဲ့လည်း Nvidia ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ပါတီနှစ်ရပ်စလုံးမှာရှိတဲ့ အမေရိကန်လွှတ်တော်အမတ်တွေက မေးခွန်းထုတ်မှုတွေရှိနေပြီး ကန့်ကွက်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — NP News