NP News

ဧရာဝတီတိုင်းအတွင်း ဆီထွက်ပဲပုပ် စိုက်ပျိုးသူ ယခင်ထက် ပိုများလာ

သားပု (NP News)- နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီထွက်ပဲပုပ်စိုက်ပျိုးသူ ယခင်ထက်ပိုများလာကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံ NP News မှ မေးမြန်းထားချက်များအရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တွန်ပလွန်ကျေးရွာ ဧရာပုသိမ်ကုမ္ပ ဏီပိုင် လယ်ကွက်အတွင်း ပဲပုပ်စိုက်ပျိုးပြသခြင်းနှင့် တောင်သူများအား ပဲပုပ်မျိုးစေ့အပ်နှံခြင်းအခမ်း အနားကို ဝန်ကြီးချုပ်က ဦးဆောင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိ သူက ယခုနှစ်တွင် ပုသိမ်မြို့နယ် ဆီထွက်ပဲပုပ်ဧက (၈၈၅၂)ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ဧရာဝတီတိုင်းတစ်တိုင်းလုံးအနေဖြင့် ဧက(၂၆၀ဝဝ)ကျော်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ်က ဧရာဝတီတိုင်းအတွင်း နေကြာစိုက်ပျိုးသူများပြားခဲ့သော်လည်း ယခုနှစ် တွင် ပဲပုပ်စိုက် တောင်သူပိုတိုးလာခြင်းဖြစ်ကြောင်းသိရသည်။
“မနှစ်ကဆို တစ်မြို့လုံးမှ (၁၁)ဧကပဲစိုက်ကြပါတယ်။ ဒီနှစ်ကတော့ သိတဲ့တောင်သူတွေ ရှိလာ တယ်။ ဒီနှစ်ဆို (၈၈၅၂) ဧကပေါ့။ သူက အထွက်နှုန်းလည်းကိုက်တယ်။ တစ်ဧကကို တင်း (၂၀)၊ (၂၂) တင်း မြေဆီကောင်းသလောက်ထွက်တယ်။ ဈေးကျတော့ တစ်တင်းကို (၂)သိန်းပတ်ဝန်းကျင်ပေါ့။ ဈေး ကွက်လည်းရှိတော့စိုက်လာကြတယ်။ တချို့ တောင်သူတွေကတော့ မသိသေးတော့ မဝံ့မရဲလေးတွေ တော့ ရှိနေသေးတာပေါ့”ဟု ပုသိမ်မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဦးမျိုးမင်းလွင်ဦးက NP News သို့ ပြော သည်။ ဧရာဝတီတိုင်းတွင် စားသုံးဆီဖူလုံမှုနှုန်းသည် (၂၄)ရာခိုင်နှုန်းသာရှိသောကြောင့် တိုင်းတွင်းဆီ ဖူ လုံမှုရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးချုပ်ကြီးလမ်းညွှန်ချက်ပေါ့နော်။ တစ်နိုင်ငံလုံးမဟုတ်တောင် ကိုယ့်တိုင်းအတွက် လုံ လောက်အောင်ဆိုပြီး စိုက်တာပေါ့။ သူက ဘာမှပစ်စရာမရှိဘူး။ ဆီကြိတ်ဖတ်ဆိုလည်းမွေးမြူရေးသမား တွေအတွက်အဆင်ပြေတယ်။ ဆီကျတော့လည်း ပထမတန်းစားလောက်မှာရှိတယ်လေ။ ခုဆို ကျွန် တော်က ကန်ထရိုက် farming ပါလုပ်နေတဲ့အတွက် စိုက်ချင်တဲ့တောင်သူတွေရှိရင်စိုက်ပေးမယ်။ ထွက် လာတဲ့ပဲပုပ် စေ့ကိုလည်း ပြန်ဝယ်ပေးမယ်။ တောင်သူက သူ့လယ်ကိုစောင့်ကြည့်ပေးရုံပဲလေ”ဟု ဧရာ ပုသိမ်ကုမ္ပဏီမှ ဒါရိုက်တာ ဦးဝင်းမြင့်လှိုင်က NP News သို့ပြောသည်။
လက်ရှိ ဆီထွက်ပဲပုပ်မျိုးစေ့များကို ရှမ်းပြည်နယ်မှမှာယူနေရပြီး နောက်ပိုင်းတွင် မျိုးစေ့ ထုတ် လုပ်နိုင်သည့်အဆင့်အထိ လုပ်ဆောင်သွားမည်ဟုသိရသည်။

မူရင်းသတင်း — NP News