Xinhua Myanmar

မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေး‌‌ရေးဥပဒေ ပြဋ္ဌာန်း

မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပသော အမျိုးသားအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ထုတ်ကုန်ပြပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈ အဖြစ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေး‌‌ရေးဥပဒေကို နိုဝင်ဘာ ၂၀ ရက်တွင် ပြဋ္ဌာန်းလိုက်ကြောင်း နိုဝင်ဘာ ၂၂ ရက်ထုတ်  နိုင်ငံပိုင် The Global New Light of Myanmar နေ့စဉ်သတင်းစာ၌ ဖော်ပြထားသည်။

အဆိုပါ ဥပဒေတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ ကော်မတီများ၊ အေဂျင်စီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ စသည်တို့အပါအဝင် အခန်း ၂၀ ပါဝင်ကြောင်း သိရသည်။

ထိုဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေအရ သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

.....…….

(English Version)

MSME development, protection law enacted in Myanmar

YANGON, Nov. 22 (Xinhua) -- Myanmar officially enacted the Micro, Small and Medium-sized Enterprises Development and Protection Law as the 2026 Pyidaungsu Hluttaw (Union Parliament) Law No. 8 on Friday, according to the state-owned daily The Global New Light of Myanmar on Sunday.

The law covers 20 chapters, including titles and definitions, objectives, basic principles, the formation and duties of various committees and agencies, including fund management as well as business review and reporting.

The law was signed by President Min Aung Hlaing in accordance with the Constitution of the Republic of the Union of Myanmar.  

Photo caption: This photo taken on Feb. 10, 2025 shows a booth at the union-level Micro, Small and Medium Enterprise (MSME) product exhibition in Nay Pyi Taw, Myanmar. (Xinhua/Myo Kyaw Soe)

မူရင်းသတင်း — Xinhua Myanmar