Positive Angle News

တောင်ကြီးတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး နေအိမ်မှထွက်သွားပြီး ပျောက်ဆုံးနေ၊ မိသားစုက လိုက်လံရှာဖွေနေ

(ပြည်တွင်း) နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက နေအိမ်မှ ထွက်ခွာသွားပြီးနောက် ယနေ့အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူမှာ ကံသာရပ်ကွက်၊ နယ်မြေ (၁၀)၊ အောင်မြေလမ်းတွင် နေထိုင်သူ မဖွေးဖွေးဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က နေအိမ်မှ ထွက်ခွာသွားခဲ့ရာ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်လျက် လိုက်လံရှာဖွေနေကြကြောင်း သိရသည်။

မိသားစုဝင်များသည် တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ အဝေရာကွင်းအပါအဝင် မိန်းကလေး သွားလာလေ့ရှိသည့် နေရာများကို လိုက်လံရှာဖွေခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် မဖွေးဖွေးအား တွေ့ရှိသူများအနေဖြင့် မိသားစုဝင်များထံ ဖုန်းနံပါတ် ၀၉ ၆၆၇ ၃၀၅ ၈၆၅ နှင့် ၀၉ ၇၈၇ ၂၉၈ ၈၉၂ တို့သို့ ဆက်သွယ်အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားသည်။

မူရင်းသတင်း — Positive Angle News