Myanmar Transparency News

သီလဝါအထူးစီးပွားရေးဇုန်ရှိ PEB စတီးမြန်မာကုမ္ပဏီတွင် သံစင်များပြိုကျပြီး စတီးဟော်လိုချောင်းများ ပိမိရာမှ အမျိုးသားတစ်ဦးသေဆုံးမှု ယနေ့ဖြစ်ပွား

သက်တံ့
၂၅. ၁၁. ၂၀၂၆

သန်လျင်မြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ PEB စတီးမြန်မာကုမ္ပဏီတွင် သံစင်များ ပြိုကျပြီး စတီးဟော်လိုချောင်းများ ပိမိရာမှ အလုပ်သမားတစ်ဦး ပိမိသေဆုံးမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၂ နာရီ ၂၁ မိနစ်ခန့်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်၊ PEB စတီးမြန်မာကုမ္ပဏီတွင် သံစင်များ ပြိုကျပြီး အလုပ်သမားတစ်ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကယ်ဆယ်ရေးလုပ်ဆောင်သော်လည်း ညနေ ၄ နာရီ ၃၃ မိနစ်ခန့်တွင် စတီးဟော်လိုချောင်းများ ပြိုကျ၍ ပိမိသေဆုံးသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပြီး ကျောက်တန်းမြို့နယ်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျောက်တန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News