
သန့်ဇင်(NP News)-နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့တွင် မင်္သကာဖွယ်ကျောပိုးအိတ်အား စစ်ဆေးရာမှ လုံခြုံရေးတပ်ဖွဲ့ဝင် (၂) ဦးနှင့် ဒေသခံပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်) ည ၇ နာရီခန့်က တံတားဦးမြို့၊ အမှတ် (၃) ရပ်ကွက်၊ နွားကျော်ဒရပ်၊ တံတားဦး-မြို့သာသွား လမ်းဘေး ရွှေအိမ်စည် စားသောက် ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စားသောက်ဆိုင်ရှေ့တွင် မင်္သကာဖွယ်ကျောပိုးအိတ်အနက်ရောင်တစ်လုံးအား သွားရောက်ရှင်းလင်းရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၂) ဦးအနက် တစ်ဦးတွင် စိုးရိမ်ရ ဒဏ်ရာများနှင့် တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ဒေသခံပြည်သူ (၃) ဦးအနက် တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာနှင့် ကျန် (၂) ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်လွှဲပြောင်းကာ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။